Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နိဗ္ဗာန်ဆိုတာ နေရာမဟုတ်ဘူး။
နိဗ္ဗာန်ဟာ အသိဥာဏ် (ပညာ) ဆိုတာပဲ။

ငယ်ငယ်က နိဗ္ဗာန်ဆိုတာ
နေရာလို့ထင်နေတာ။
နိဗ္ဗာန်ဆိုတာကြီးရောက်ပြီးရင်
သံသရာထဲပြန်လာလို့ရသလား။
ပေါက်ပေါက်ရှာရှာမေးကြည့်တယ်။
ဆရာတော်ဘုရားက
ပြန်လာလို့မရဘူးဆိုတော့။

ဒါဆို သံသရာထဲရောက်ပြီးသူက
နိဗ္ဗာန်ကိုသွားလို့ရပြီး၊
နိဗ္ဗာန်ရောက်ပြီးသူက
သံသရာပြန်လာလို့မရတော့ဘူးပေါ့။
ဒီလိုပေါက်ပေါက်ရှာရှာစဥ်းစားဖူးတယ်။

ဆရာတော်ဘုရားက
နိဗ္ဗာန်ရောက်ပြီးသူက
ဘယ်သူမှ ပြန်မလာချင်ဘူးလို့
ဆုံးမတယ်။

နောက်ပိုင်တော့တဖြည်းဖြည်း
နားလည်လာတာ
နိဗ္ဗာန်ဆိုတာ နေရာမဟုတ်ဘူး။
နိဗ္ဗာန်ဟာ အသိဥာဏ် (ပညာ) ဆိုတာပဲ။

ဥပမာ ဆယ်ကျော်သက်ကလေး
ဟော်မုန်းတွေသောင်းကြမ်းနေတဲ့အချိန်မှာ
နိဗ္ဗာန်အကြောင်းပြောလဲ
သူစိတ်ဝင်စားချင်မှ စိတ်ဝင်စားလိမ့်မယ်။

လောကရဲ့အထုအထောင်းတွေ
ကြုံပြီးသွားရင်
မာန်တွေကျသွားတဲ့အခါ
ပြောပြတာနဲ့မရတဲ့
လောကသဘာဝကို
နားလည်စပြုလာတတ်တယ်။

ဗုဒ္ဓက နိဗ္ဗာန်ရောက်ဖို့
ဥာဏ်စဥ် ၁၆ ပါးရှိတယ်လို့ဟောခဲ့တယ်။
ဒီဥာဏ်စဥ်တက်ဖို့
အတန်းပညာလိုပဲ လေ့ကျင့်ဖို့လိုတယ်
ကိုးကွယ်ယုံနဲ့မရဘူးဆိုတာလဲ
ဟောကြားခဲ့တယ်။

နိဗ္ဗာန်ဆိုတာ ဥာဏ် ၁၆ ပါးနဲ့သိရတဲ့
အဆင့်ဆင့်တွေလို့ဟောကြားခဲ့တယ်။

၁။ နာမရူပပရိစ်ဆဒေဥာဏျ
ရုပ်နဲ့နာမ်ကို ပိုင်းခြားသိတဲ့ဥာဏ်
ခန္ဓာငါးပါးကို သိမြင်နိုင်တဲ့ဥာဏ်
ဥပမာ – စားပွဲတစ်လုံးကို မြင်တဲ့အခါ
“စားပွဲရဲ့ပုံသဏ္ဍာန်က ရုပ်၊
စားပွဲလို့သိတာက နာမ်” လို့ ခွဲခြားသိခြင်း

၂။ ပစ္စယပရိဂ္ဂဟဥာဏ်
အကြောင်းအကျိုးဆက်စပ်မှုကို သိတဲ့ဥာဏ်
ပဋိစ္စသမုပ္ပါဒ်ကို သိမြင်တဲ့ဥာဏ်
ဥပမာ – အပင်တစ်ပင် ကြီးထွားလာတာကို
ကြည့်ပြီး “မျိုးစေ့၊ မြေ၊ ရေ၊ နေရောင်
စတဲ့အကြောင်းတွေကြောင့် အပင်ကြီးထွားတယ်” လို့ သိခြင်း

၃။ သမ္မသနဥာဏ်
အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဆင်ခြင်တဲ့ဥာဏ်
လက္ခဏာသုံးပါးကို သုံးသပ်တဲ့ဥာဏ်
ဥပမာ – လှပတဲ့ပန်းတစ်ပွင့်ကို ကြည့်ပြီး
“ဒီပန်းဟာ မကြာခင် ညှိုးတွေ့မယ်၊ ပျက်စီးမယ်” လို့ သိခြင်း

၄။ ဥဒယဗ္ဗယဥာဏ်
ဖြစ်ပျက်ကို မြင်တဲ့ဥာဏ်
ခဏိကဥာဏ်
ဥပမာ – ရေပူဗူးထဲက ရေပူငွေ့တွေ
တဖြေးဖြေး တက်လာပြီး ပျောက်သွားတာကို
မြင်သလို သင်္ခါရတွေရဲ့ ဖြစ်ပျက်ကို မြင်ခြင်း

၅။ ဘင်္ဂဥာဏ်
ပျက်စီးခြင်းကိုသာ တွေ့မြင်တဲ့ဥာဏ်
ပျက်စီးခြင်းသဘောကို သိမြင်တဲ့ဥာဏ်
ဥပမာ – ရေပူဖန်ခွက်ထဲက
ရေပူငွေ့တွေ ပေါ်လာပြီး ချက်ခြင်း
ပျောက်သွားသလို အရာရာ ပျက်စီးနေတာကိုပဲ မြင်ခြင်း

၆။ ဘယဥာဏ်
ကြောက်မက်ဖွယ်အဖြစ်ကို သိမြင်တဲ့ဥာဏ်
သံသရာကို ဘေးအန္တရာယ်အဖြစ် မြင်တဲ့ဥာဏ်
ဥပမာ – မြွေတစ်ကောင်ကို တွေ့တဲ့အခါ
ကြောက်ရွံ့သလို သံသရာကို ကြောက်ရွံ့ခြင်း

၇။ အာဒီနဝဥာဏ်
အပြစ်အနာအဆာကို မြင်တဲ့ဥာဏ်
သံသရာ၏ အပြစ်ကို သိမြင်တဲ့ဥာဏ်
ဥပမာ – မူးယစ်ဆေးရဲ့ ဆိုးကျိုးတွေကို
သိမြင်သလို သံသရာရဲ့ အပြစ်ကို မြင်ခြင်း

၈။ နိဗ္ဗိဒါဥာဏ်
ငြီးငွေ့တဲ့ဥာဏ်
သံသရာကို စက်ဆုပ်ရွံရှာတဲ့ဥာဏ်
ဥပမာ – အစားအစာတစ်ခုကို စားရင်း
ဝလောက်တဲ့အခါ ငြီးငွေ့သွားသလို သံသရာကို ငြီးငွေ့ခြင်း

၉။ မုဉ္စိတုကမျတာဥာဏ်
လွတ်မြောက်လိုတဲ့ဥာဏ်
သံသရာမှ ထွက်ခွာလိုတဲ့ဥာဏ်
ဥပမာ – ထောင်ထဲရောက်နေတဲ့သူ
လွတ်မြောက်ချင်သလို သံသရာကနေ လွတ်မြောက်ချင်ခြင်း

၁၀။ ပဋိသင်္ခါဥာဏ်
ပြန်လည်သုံးသပ်တဲ့ဥာဏ်
လွတ်မြောက်ကြောင်းကို ရှာဖွေတဲ့ဥာဏ်
ဥပမာ – တောထဲမှာ ပျောက်နေတဲ့သူ
လမ်းရှာသလို လွတ်မြောက်ရာလမ်းကို ရှာဖွေခြင်း

၁၁။ သင်္ခါရုပေက္ခါဥာဏ်
သင်္ခါရတွေအပေါ် လျစ်လျူရှုတဲ့ဥာဏ်
ဓမ္မဋ္ဌိတိဥာဏ်
ဥပမာ – အရင်က ကြောက်ခဲ့တဲ့
မြွေရုပ်ကို ကြောက်စရာမဟုတ်တော့ဘူးလို့
သိသလို သင်္ခါရတွေအပေါ် လျစ်လျူရှုနိုင်ခြင်း

၁၂။ အနုလောမဥာဏ်
သစ္စာလေးပါးနဲ့ညီညွတ်တဲ့ဥာဏ်
မဂ်ဥာဏ်အတွက် အထောက်အပံ့ဖြစ်တဲ့ဥာဏ်
ဥပမာ – လေယာဉ်ပျံဆင်းသက်တဲ့အခါ
မြေပြင်နဲ့ညီအောင် ဆင်းသက်သလို
မဂ်ဥာဏ်နဲ့ညီညွတ်အောင် ပြင်ဆင်ခြင်း

၁၃။ ဂေါတြဘူဥာဏ်
ပုထုဇဉ်အမျိုးအနွယ်ကို ကျော်လွန်တဲ့ဥာဏ်
အရိယာဂေါတြာသို့ ဝင်ရောက်တဲ့ဥာဏ်
ဥပမာ – ကျောင်းသားဘဝကနေ ဘွဲ့ရပြီး
အလုပ်ခွင်ဝင်တဲ့ပညာတတ်ဘဝကို ကူးပြောင်းသလို
ပုထုဇဉ်ဘဝကနေ အရိယာဘဝကို ကူးပြောင်းခြင်း

၁၄။ မဂ်ဥာဏ်
နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ဥာဏ်
ကိလေသာတွေကို ဖြတ်တောက်တဲ့ဥာဏ်
ဥပမာ – မှောင်နေတဲ့အခန်းထဲ
မီးလင်းသွားသလို နိဗ္ဗာန်ကို
ပထမဆုံးအကြိမ် မြင်တွေ့ခြင်း

၁၅။ ဖိုလ်ဥာဏ်
မဂ်ရဲ့အကျိုးဖြစ်တဲ့ဥာဏ်
ချမ်းသာခြင်းကို ခံစားရတဲ့ဥာဏ်
ဥပမာ – ရေကူးတတ်သွားပြီးတဲ့နောက်
ရေကူးပြီး အပန်းဖြေသလို နိဗ္ဗာန်ချမ်းသာကို ခံစားခြင်း

၁၆။ ပစ္စဝေက္ခဏာဥာဏ်
ပြန်လည်ဆင်ခြင်တဲ့ဥာဏ်
မဂ်၊ ဖိုလ်၊ နိဗ္ဗာန်၊ ပယ်ပြီးကိလေသာ၊
ကြွင်းကျန်ကိလေသာတို့ကို ဆင်ခြင်တဲ့ဥာဏ်
ဥပမာ – စာမေးပွဲပြီးတဲ့အခါ
မိမိဖြေထားတာတွေကို ပြန်စစ်ဆေးသလို
မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့ကို ပြန်လည်ဆင်ခြင်ခြင်း

ဒီဥာဏ် ၁၆ ပါးဟာ နိဗ္ဗာန်ကို ရောက်ရှိဖို့
အဆင့်ဆင့် ဖြတ်သန်းရတဲ့ ဥာဏ်တွေလို့
ဗုဒ္ဓကဟောကြားခဲ့တယ်။

ကျွန်တော့်အမြင်တော့
လူငယ်တွေရဲ့လောကအမြင်မှာ
ဘာသာတရားက လွမ်းမိုးမှုကြီးတယ်။
ဒါကို အဓိပ္ပာယ်ဖွင့်လွဲရင်
အတွေးအခေါ်ဘေးချော်သွားနိုင်တယ်။
အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုနိုင်တယ်။

ဒါကတော့ ကျွန်တော်အတွေးချော်ခဲ့ရင်း
မြန်မာ၊ ဗီယက်နမ်၊ တိဘတ်၊
Secular Practice နဲ့ Zen
မတူညီတဲ့ ဗုဒ္ဓဘာသာကို
အဓိပ္ပာယ်ဖွင့်ဆိုပုံတွေလေ့လာကြည့်တဲ့အခါ
မတူညီတဲ့အဓိပ္ပာယ်ဖွင့်ဆို
သင်ကြားမှုတွေကို
သွားတွေ့ရတယ်။

တချိန်ကျရင် လူတွေရဲ့
ဦးနှောက်နဲ့ အေအိုင်ပေါင်းစပ်ထားတဲ့
Brain Interface ပေါ်ပေါက်လာရင်
အပြောင်းအလဲတွေ
အများကြီးထပ်ဖြစ်နိုင်အုံးမယ်လို့လဲမြင်တယ်။

ဘာကြောင့်လဲဆိုတော့
သင်ယူမှုဖြစ်တိုင်းမှာ
ဦးနှောက်ရဲ့ brain cells (neurons) တွေ
အချင်းချင်း dendritic connection ဖြစ်ယ်။
တရားထိုင်ရင်လဲဖြစ်တယ်။
Hippocampus ကြီးလာတယ်လို့လဲ
သုတေသနရလဒ်တွေကဆိုတယ်။
အနာဂတ် အေအိုင်နဲ့ချိပ်လိုက်ရင်
ဘာတွေဆက်ဖြစ်မလဲ
ကိုယ်လဲသေချာမသိဘူး။

အဆုံးထိဖတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​