Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့။

ပင်ပန်းပြီး အလုပ်မဖြစ်ဖြစ်နေပြီလား။
ဒါလေး သိသွားရင် အကြံတစ်ခုရသွားလိမ့်မယ်။

ပင်ပင်ပန်းပန်းအားမထုတ်ပဲ
အလုပ်တွေ ပြီးအောင်လုပ်လို့ရတယ်။
ဒါကို effortless productivity လို့ခေါ်ပြီး
ဒီလိုရအောင်လုပ်တကို Flow လို့ခေါ်တယ်။

Flow ဆိုတာ အထာကျတဲ့ဘဝကိုခေါ်တာ။
အထာကျဖို့ အလုပ်၊ ဘဝ၊ အချစ်၊
ကျန်းမာရေး၊ ဝမ်းစာရေး၊ ဝမ်းသာရေး၊
သဟဇာတဖြစ်ဖို့လိုတယ်။

၁။ Reborn

ဒီလို သဟဇာတမဖြစ်ခင်
အသစ်ပြန်လည်မွေးဖွားဖို့
သန္ဓေတည်တဲ့ Incubation အဆင့်ရှိတယ်။

ကိုယ်မချစ်တဲ့အလုပ်ကို
ရှောင်လွဲလို့မရ လုပ်နေတဲ့အချိန်။
အဆင်မပြေတဲ့ အချစ်ရေး relationship မှာ
ဘာမှ လုပ်မရ ပိတ်မိနေတဲ့အချိန်။
ဆပ်စရာအကြွေးတွေနဲ့ ပိတ်မိနေတဲ့အချိန်။
ခန္ဓာကိုယ်က ဝိတ်တွေအရမ်းတက်ပြီး
ကိုယ့်ကျန်းမာရေးကို စိတ်တိုင်းမကျတဲ့အချိန်။
ပျော်ရာမှာ မနေရ တော်ရမှာ
နေနေရတဲ့အချိန်။
လုပ်ချင်တာတစ်မျိုး
လုပ်နေရတာတစ်မျိုး ဖြစ်နေတဲ့အချိန်။
ဒီလို အချိန်က ကိုယ်ပြန်လည်မွေးဖွားဖို့
reborn လုပ်ဖို့ သန္ဓေတည်တဲ့အချိန်ဖြစ်ပါတယ်။

ပြန်လည်မွေးဖွားဖို့
အချက်လေးချက်ကို ဂရုစိုက်ရပါတယ်။
၁။ စိတ်နေသဘောထား Attitude
၂။ အပြုအမူ Behavior
၃။ အကျင့်စရိုက် Character
၄။ ကံကွမ်မာ Destiny
ဒါကို ABCD ပြီး
Master Your Flow ရဲ့ framework တစ်ခုပါ။

ဒီလေးခုကို အချိန်တစ်ခုပေးပြီးပြင်နိုင်ရင်
ဒုတိယအဆင့်ဖြစ်တဲ့
ဘဝကို အထာကျကျ ဖြတ်သန်းလို့ရတဲ့
Flow State အကြီးစားကို ရောက်ပါမယ်။

2. Flow State

ဒီ အကြီးစား Flow State ထဲမှာ
အသေးစား Flow State တွေ
ထပ်ရှိပါတယ်။
ကိုယ်နေထိုင်ချင်တဲ့ ဘဝကြီးကို
Ideal Life ကို ဖြတ်သန်းနေတာ
အချက်လေးချက်နဲ့ သိနိုင်တယ်။
၁။ ပျော်နေတယ်။
၂။ တော်နေတယ်။
၃။ ပွားနေတယ်။ (ငွေကြေး)
၄။ ပေးနေတယ်။ (လူတွေအကျိုးရှိအောင် ပေးနေတယ်။)

ဒီ Flow State မှာ TWR framework
အသုံးပြုပါတယ်။
တစ်ရက်တာကို
Train, Work နဲ့ Recharge ပါ။

ဘာတွေ Train မလဲ?
၁။ Brain ဦးနှောက်
၂။ Body ခန္ဓာကိုယ်
၃။ Mind စိတ်
၄။ Skill ကျွမ်းကျင်မှုအသစ်

ဦးနှောက်ကို လေ့ကျင့်တဲ့ထဲမှာ
စာဖတ်တာ။
ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းလုပ်တာ။
စိတ်အတွက် တရားထိုင်တာ၊
Journaling လုပ်တာ၊
ကျွမ်းကျင်မှုအသစ်တွေအတွက်
ဘာသာစကားအသစ်လေ့လာတာ၊
သက်ဆိုင်ရာ အလုပ်လေ့လာတာမျိုး။
Cognitive, Affective နဲ့ Motor Skills
လေ့ကျင့်မှုတွေ ပါဝင်ပါတယ်။

အလုပ်လုပ်တဲ့ Work ပိုင်းမှာ
၁။ Today ဒီနေ့ဝင်ငွေရရမယ်။
၂။ Tomorrow ဒီနေ့အလုပ်က မနက်ဖြန်ဝင်ငွေရဖို့ ဖြစ်နိုင်ရမယ်။
၃။ Timing နောက်အနာဂတ်မှာ
အခွင့်အလမ်းတစ်ခုပေါ်လာတဲ့အခါ
ကွက်တိဖြစ်နေတဲ့ ပြင်ဆင်မှု လုပ်နေဖို့လိုနိုင်တယ်။

အနားယူတဲ့အပိုင်း Recharge မှာ
၁။ Day တစ်ရက်ကို
အနားယူအားဖြည့်တဲ့အချိန်ထားပါ။
၂။ Week တစ်ပတ်အတွက်
အနားယူဖို့အချိန်ပေးပါ။
၃။ တစ်လအတွက် အနားယူဖို့အချိန်ပေးပါ။

3. Future Self (Vision)

အနာဂတ်ကို ဖန်တီးဖို့
တစ်နှစ်အတွက် အိပ်မက်၊
သုံးနှစ်အတွက် အိပ်မက်၊
ဆယ်နှစ်အတွက် အိပ်မက်ထားပါ။

နေ့စဥ် ကိုယ့်ရဲ့ Flow နဲ့
ဘဝကို အထာကျကျဖြတ်သန်းပြီး
လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲလိုက်ပါ။

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို နေတာ အချိန်တစ်ခုထိပဲကောင်းပါတယ်။

ဒါကြောင့်
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့။

Phyo Paing @ Derek

Share Your Idea!​