လူတွေက ဥာဏ်ကောင်းရင်
စိတ်ဓာတ်တက်ကြွပြီး
အလုပ်လုပ်ဖို့
မော်တီဗေးရှင်းသင်တန်းတွေပဲ
သွားနေမှ
အလုပ်လုပ်နိုင်တာမျိုး
စွမ်းဆောင်ရည်မြင့်နေတာမျိုး
မဟုတ်တော့ဘူး။
ဘာကြောင့်လဲဆိုတော့
ပြဿနာအဖြေရှာတတ်သွားပြီ။
ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်သွားပြီ။
လေ့လာသင်ယူနိုင်သွားပြီ။
ဆရာသင်မှ တတ်မယ်ဆိုတဲ့
ကိုယ့်ကိုကိုယ် ကန့်သတ်ထားတဲ့
ကန့်သတ်တွေးပြုတ်သွားပြီ။
ဘယ်သင်တန်းလေးမတက်လိုက်ရရင်
နောက်ကျကျန်ခဲ့မယ်ဆိုတဲ့
FOMO သားကောင်မဟုတ်တော့ဘူး။
ကိုယ်လိုချင်တာ ကိုယ်သိသွားပြီ။
လူတိုင်းက ကိုယ့်ပြဿနာကိုယ်အဖြေရှာရမှာပဲ။
ဒီလိုအဖြေရှာဖို့
၁၀၀ တန်ဦးနှောက်နဲ့
၁၀၀၀ တန်ပြဿနာဖြေရှင်းဖို့မလွယ်ဘူး။
ကိုယ့်ဦးနှောက်ပိုကောင်းအောင်လုပ်ရမှာ။
Phyo Paing @ Derek