Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နောက်ဆုံးတော့ ဘာအလုပ်ပဲလုပ်လုပ်
အောင်မြင်ဖို့ အရေးကြီးဆုံးအရာတစ်ခုကတော့ Timing အချိန်ပါပဲ။

Personal Finance လုပ်တဲ့အခါ
မြေနေရာတစ်ခုကို invest ဆုံးဖြတ်တဲ့အခါ
ပြန်ငှားရင်ဘယ်လောက်ရမလဲစဥ်းစားကြတယ်။
ဒီလိုစဥ်းစားတဲ့အခါ ခေတ်ကောင်း၊ ခေတ်မကောင်းအပြင်
Average ချကြည့်ဖို့လိုလာတယ်။
ဒါကတော့ Cashflow game ပေါ့။
တချို့က ဘယ်အချိန်မှာ ပြန်ရောင်းရင်ဘယ်လောက်မြတ်မယ်။
ဒါကတော့ Capital gain ပေါ့။

ကိုယ်က ဘယ် game နဲ့ကစားလဲဆိုတာစဥ်းစားရတယ်။
Real Estate Developer တွေကစားတဲ့ game ကတော့
Develop လုပ်ပြီးရောင်းတာထက်
Ecosystem တစ်ခုတည်ဆောက်ပြီး
သွားတဲ့ခေတ်ရောက်သွားတယ်။

ကိုယ်လုပ်ချင်တဲ့ အိပ်မက်တွေကြီးလေလေ
ကိုယ့်မှာရှိတဲ့ Resource တွေက limited ဖြစ်လေလေ
ဖြစ်တတ်ကြတယ်။
ဒီလိုအချိန်မျိုးမှာ ကိုယ့်မှာရှိတဲ့ အချိန်၊ ငွေ အစရှိတဲ့
အရင်းအမြစ်တွေကို အကောင်းဆုံးစီမံဖို့လိုလာတယ်။

ရင်းနှီးမြုပ်နှံမှုတွေမှာ ဘဏ်ချေးငွေတွေနဲ့
leverage ယူပြီးလုပ်ကြတယ်။
ဝါရင်ဘူဖေးပြောသလိုပဲ လူတွေကိုမွဲအောင်လုပ်တဲ့
အရာသုံးခုက Liquor, Lady and Leverage တဲ့။
အရက်၊ မိန်းမနဲ့ ကုတ်အားကန်အားယူတာပဲတဲ့။

Leverage လုပ်တဲ့အခါမှာ အလွန်အကျွံမဖြစ်အောင်
Debt to equity ratio အစရှိတဲ့
Ratio တွေနဲ့ ကြည့်ကြတယ်။

Investment တွေထဲမှာ risk အနည်းဆုံးထဲပါတာက
property investment ဖြစ်ပြီး return ကလဲ
Business နဲ့ ယှဥ်ရင်နည်းလေ့ရှိတယ်။
Business မှာက uncertainty တွေများတဲ့အတွက်
တကယ်စီမံဦးဆောင်နိုင်တဲ့သူရှိရင် 10X valuation
ဖြစ်ဖို့ကလဲ အရမ်းကြီးမကြာတာမျိုးဖြစ်နိုင်တယ်။

ငယ်ငယ်က Trader, Investor, Entrepreneur, Broker
အစရှိတဲ့ option တွေမျိုးစုံကို လေ့လာခဲ့ဖူးတယ်။
ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ဘယ်အရာနဲ့ကိုက်မလဲပေါ့။
ကိုယ်က Fundamental နဲ့ Technical analysis တွေလုပ်တာ
ကျွမ်းတယ်၊ ပျော်တယ်၊ Opportunity ကို seize လုပ်ရတာ
ပျော်တယ်ဆိုရင်တော့ Trader ဖြစ်ကောင်းဖြစ်မှာပေါ့။

ကျွန်တော် ရူးသွပ်ခဲ့တာကတော့ Entrepreneurship ပဲ။
ကိုယ့် Vision, Mission, Idea, Values ဒါတွေ
မရောင်းတတ်ရင် Entrepreneur လုပ်ဖို့မလွယ်ဘူး။
ဒါကြောင့်လဲ အောက်သက်ကြေအောင် ဆေးပညာဘွဲ့ရပြီး
အရောင်းသမားဝင်လုပ်ခဲ့တယ်။
နောက် အရောင်းတစ်ခုထဲနဲ့မရတာနားလည်လာတော့
Marketing ကိုလေ့လာရင်း
စွန့်ဦးတီထွင်နဲ့ လုပ်ငန်းရှင်တွေအတွက်
Marketing Trainer and Consultants ဖြစ်လာတယ်။

Business ဆိုတာမရှိရင် Trader တွေ၊ Investor တွေလဲ
များမှာ မဟုတ်ဘူး။
Business ကိုတည်ဆောက်တာ Entrepreneur တွေ။
ဒါကြောင့်လဲ တရုတ်အစိုးရက State, Province, Business
ဆိုပြီး layers သုံးခုခွဲလိုက်တယ်။
နိုင်ငံအုပ်ချုပ်သူက နိုင်ငံအုပ်ချုပ်တဲ့အလုပ်လုပ်မယ်၊
တိုင်းဒေသအုပ်ချုပ်သူက သူ့အလုပ်သူလုပ်၊
တခြားတိုင်းတွေနဲ့ Result တွေပြိုင်ကြ၊
စွန့်ဦးတီထွင်တွေက စွန့်ဦးတီထွင်အလုပ်လုပ်ကြ။
ကွန်ဖြူးရှပ်အယူအဆပေါ့။

နောက်ဆုံးတော့ ဘာအလုပ်ပဲလုပ်လုပ်
အောင်မြင်ဖို့ အရေးကြီးဆုံးအရာတစ်ခုကတော့
Timing အချိန်ပါပဲ။
အချိန်ကောင်းမှာ အခွင့်အရေးကောင်းကို
အသုံးပြုနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့တော့လိုတယ်။
ကိုယ်ကစားတဲ့ game မှာ လိုအပ်တဲ့
အသိပညာ သို့ အကြံပေးတွေ ရှိဖို့လိုတယ်။
မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ
ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတွေကို ဖြစ်ပေါ်စေနိုင်တယ်။

Phyo Paing @ Derek

Share Your Idea!​