အခွင့်အလမ်းတွေ က အများကြီး။
အရေးကြီးတာ ကိုယ်က
ဘယ်အခွင့်အလမ်းကိုအဓိက
အမိအရယူမလဲဆိုတာပဲ။
လူတိုင်းက အကုန်လုံးမဖြစ်နိုင်ဘူး။
ကွန်ဖြူးရှပ်ပြောသလို
ယုန်တွေအများကြီးစိတ်များပြီး
ဖမ်းချင်တဲ့သူက တစ်ကောင်မှမမိတတ်ဘူးတဲ့။
ဝါဝါမြင်တိုင်းရွှေထင်ပြီး
လိုက်ယောင်တာထက်
ကိုယ်ဘယ်သူလဲ ကိုယ်ဘာလုပ်နေလဲ
ဘာကျွမ်းကျင်လဲ ဘာလုပ်ချင်လဲ
ကိုယ့်ရည်ရွယ်ချက်ပေါ်မူတည်ပြီး
လုပ်ဆောင်တာက တချို့တွေအတွက်
အကောင်းဆုံးဖြစ်နိုင်တယ်။
နောက်ဆုံးအရေးကြီးတာ
လိပ်ပြာလုံလုံနဲ့ အသက်ရှင်ဖို့ပဲ။
Phyo Paing @ Derek