Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နောက်ပိုင်းလုပ်တဲ့ လုပ်ငန်းတွေမှာ
ဒီ အယူအဆတွေထည့်ထားတယ်။

၁။ Smallest viable market လူပေါင်း ၁၀၀၀ ရဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ရမယ်။

၂။ စျေးကို ကိုယ်တိုင် control လုပ် သတ်မှတ်နိုင်ရမယ်။

၃။ စတင်တဲ့အချိန်မှာ ပင်ပန်းခံပြီး လုပ်ငန်းစတင်ပြီး သတ်မှတ်ချိန်တစ်ခုရောက်ရင် ကိုယ်လုံးဝပါစရာမလိုတာမျိုးဖြစ်ရမယ်။

၄။ ဒီနေ့လုပ်လိုက်တဲ့အလုပ်ဟာ အနာဂတ်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အားဖြည့်ပေးနိုင်ရမယ်။

၅။ အလွယ်တကူချဲ့ဖို့ Scalable ဖြစ်ရမယ်။

၆။ လူ (ဝန်ထမ်း) အသုံးပြုမှု အနည်းဆုံးဖြစ်ရမယ်။

၇။ စျေးကွက်မှာရှိတာတွေထက် တစ်မူထူးရမယ်။

၈။ Linchpin talent တွေနဲ့ပဲ အလုပ်လုပ်မယ်။ ဒီအတွက် customer first, move fast, work hard and learn everyday လုပ်နေဖို့လိုမယ်။ ဒီလေးခုက ကျွန်တော်တို့နဲ့အလုပ်လုပ်ရင် မဖြစ်မနေလိုတဲ့ အချက်လေးခုပါ။ Hire for mindset. Train for skills လို့ပြောကြတယ်မဟုတ်လား။

၉။ Downside risk အနည်းဆုံးနဲ့ Upside potential အမြင့်ဆုံးဖြစ်ရမယ်။

၁၀။ မတူညီတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို မတူညီနဲ့ Business model နဲ့သွားမယ်။ Business model တစ်ခုတည်းနဲ့ မရှင်သန်ဘူး။

၁၁။ အရမ်းကြီးစရာမလိုဘူး။ သတ်မှတ်တဲ့ target တော့ရောက်ရမယ်။ အရေးကြီးတာ ကိုယ့်ကိုစိတ်ချမ်းသာမှုပေးရမယ်။

Phyo Paing @ Derek

Share Your Idea!​