ဘဝမှာ နောင်တရစေတဲ့အရာတွေရှိတယ်။
အလုပ်ကို လုပ်သင့်သလောက်မလုပ်ပဲ
ရေသာခိုလိုက်တဲ့အတွက်
လိုချင်တဲ့ရလဒ် မရတဲ့အခါမျိုးမှာ
နောင်တရတတ်တယ်။
ကိုယ်အားနာပြီး မပြောလိုက်တဲ့အတွက်
လိုရာမရောက်ဖြစ်တဲ့အခါ
နောက်တရတတ်တယ်။
အလုပ်မဖြစ်တာတွေကို
လွတ်ချရမှာကြောက်ပြီး
ဖက်တွယ်မှုပြုလုပ်ထားတဲ့အတွက်
အချိန်တွေကုန် နောင်တရတတ်တယ်။
တစ်ခုခု အိုင်ဒီယာပေါ်လာပြီး
ဒီအိုင်ဒီယာကို ကိုယ်အကောင်ထည်
မဖော်နိုင်သေးရင်
တခြားသူတစ်ယောက်လုပ်သွားတဲ့အခါ
နောင်တရတတ်တယ်။
လူတိုင်းကို ရောင်းပြီး
လူတိုင်းအလို ဆန္ဒမဖြည့်ဆည်းပေးနိုင်တဲ့အခါ
နောင်တရတယ်။
တစ်ရက်တစ်ရက် တိုးတက်မှုမရှိ
အချိန်အလဟသ ကုန်သွားတဲ့အခါ
နောင်တရတယ်။
လုပ်ငန်းက ကိုယ့်အတွက်မဟုတ်ပဲ
ကိုယ်က လုပ်ငန်းရဲ့လိုအပ်ချက်ကို
အမြဲဖြည့်ဆည်းနေရတဲ့အတွက်
အချိန်ကုန် လူပန်းပြီး
ကိုယ်မပါပဲ လည်မပတ်နိုင်တဲ့ လုပ်ငန်းတွေမှာ
ကိုယ်မပျော်ပဲလုပ်နေရတဲ့အခါ
နောင်တရတတ်တယ်။
လုပ်မယ်လို့ သံဓိ ဌာန်ချပြီး
မလုပ်ဖြစ်ရင် နောင်တရတတ်တယ်။
ကိုယ့်ဘဝ ကိုယ့်ထိန်းချုပ်မှုအောက်
မရှိပဲ ရောက်တတ်ရာရာဖြစ်နေရင်
နောင်တရတတ်တယ်။
ကိုယ်စုထားတဲ့ ငွေတွေ
အတွေ့အကြုံအတွက် မသုံးလိုက်ပဲ
ကိုယ်နားမလည်တဲ့အလုပ်မှာ
ပုံအောသုံးလိုက်ပြီး ဆုံးရှုံးတဲ့အခါ
နောင်တရတတ်တယ်။
ဒီလို နောင်တရတဲ့အရာတွေကို
နည်းနိုင်သမျှနည်းအောင်
ဥပဒေသတွေထုတ်လိုက်တယ်။
၁။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။
၂။ ကိုယ်လိုချင်တာကို တောင်းဆိုရမှာ အားမနာပါနဲ့။
၃။ အလုပ်မဖြစ်တာတွေကို လွတ်ချရမှာ မကြောက်ပါနဲ့။
၄။ ချက်ချင်းလုပ်ပါ။ အချိန်မဆွဲနဲ့။
၅။ လူတိုင်းကို မရောင်းပါနဲ့။
၆။ လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့
နေ့စဉ်ရဲ့ စွမ်းပကားကိုအသုံးချပါ။
၇။ လုပ်ငန်းမစခင်ကတည်းက ကိုယ်မပါပဲလည်ပတ်နိုင်အောင်စဉ်းစားထားပါ။
၈။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်။ မဟုတ်ရင် အကျင့်ပါတယ်။
၉။ ကိုယ့်ဘဝ ကိုယ့်ထိန်းချုပ်မှုအောက်မှာရှိအောင်
ထိန်းချုပ်နိုင်တာတွေကို အာရုံစိုက်ပါ။
၁၀။ ကိုယ်နားမလည်တဲ့အလုပ်တွေမှာ ငွေပုံအော မရှင်းဘူး။ အတွေ့အကြုံမှာပဲ ငွေသုံးတယ်။
Phyo Paing @ Derek