Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နေ့စဉ်တိုးတက်နေဖို့လိုတယ်။

အုပ်ရေ ၇၀၀ လဲ ပြည့်ပြီ။
ဒီရက်ပေါင်း ၇၀၀ အတွင်း
အပြောင်းအလဲဖြစ်စဉ်တွေက
တော်တော်ကြီး ကြီးတယ်။

ဘာ သင်ခန်းစာတွေရလိုက်လဲဆိုရင်

၁။ လူတွေ မဖြစ်နိုင်ဘူးပြောတာတွေကို မယုံပါနဲ့။

၂။ ဇွဲဆိုတာ ကြွက်သားလိုပဲ တည်ဆောက်လို့ရတယ်။

၃။ မပြီးသေးတာကို စဉ်းစားပြီး အားမလျော့လိုက်နဲ့။
ပြီးသွားတာကို ကြည့်ပြီးအားယူ။

၄။ စနစ်မရှိပဲ ဘာမှ ကြီးကြီးမားမားလုပ်လို့မရဘူး။
စာမြန်မြန်ဖတ်နည်းစနစ်။
မှတ်စုမှတ်နည်း။
Video ရိုက်နည်း။
တည်းဖြတ်နည်း။
အင်တာနက်ပေါ်တင်နည်း။
အချိန်စီမံခန့်ခွဲမှုစနစ်။
နည်းစနစ်က အလုပ်တွေပြီးမြောက်မှုကို မြန်စေတယ်။

၅။ ရေရှည်ကို စဉ်းစား။
အုပ် ၁၀၀ ပြီးတဲ့ထိ subscriber က ၁၀၀ မပြည့်ဘူး။
ဒါပေမယ့် အုပ် ၇၀၀ ပြည့်တဲ့အချိန်
ကိုယ်ထင်ထားတာထက် subscriber ပိုများသွားပြီ။

၆။ သိထားတဲ့ အသိပညာ၊ အတတ်ပညာကို
ချက်ချင်းပြန်အသုံးချ။

၇။ စာအုပ်ကောင်းတစ်အုပ်ထဲက
စာလေးတစ်ကြောင်းက ဘဝကို
အကြီးအကျယ် အပြောင်းအလဲဖြစ်စေနိုင်တယ်။

ကိုယ်စိတ်ကူးထားတဲ့အရာတွေကို
လူတွေကခက်ခဲပြီး မဖြစ်နိုင်ဘူးပြောတာကို
လျစ်လျူရှုပြီး ဖြစ်အောင်လုပ်။

နေ့စဉ်တိုးတက်နေဖို့လိုတယ်။

တိုးတက်ဆိုတာ လမ်းစဉ်တစ်ခုပဲ။

Toe Tet is the way of life.
Because when you stop growing,
you start dying ပဲ။

Phyo Paing @ Derek

Share Your Idea!​