ကျွန်တော်ကတော့ ကိုယ့်ဘဝ
ကိုယ်အရမ်းကြိုက်တယ်။
ဘယ်သူနဲ့မှလဲ မလဲချင်ဘူး။
နေ့တိုင်းဖြတ်သန်းရတာလဲ
အရသာ အပြည့်ရှိတယ်။
ဘာကြောင့်လဲဆိုတော့
Have ဆိုတဲ့ ပိုင်ဆိုင်မှုတွေကို
အာရုံသိပ်မပြုဖြစ်ဘူး။
Do ဆိုတာတွေကို နေ့စဉ်အာရုံပြုဖြစ်တယ်။
နေ့စဉ် ငါဘာတွေလုပ်မလဲ။
ဒီလုပ်တဲ့အရာကနေ
ငါဘယ်လိုလူဖြစ်လာမလဲ။
Be ဆိုတာ အာရုံပြုဖြစ်တယ်။
ဘာလုပ်မလဲဆိုတာနဲ့
ဘယ်လိုလူဖြစ်လာမလဲဆိုတာ
ကိုယ့်ထိန်းချုပ်မှုအောက် အပြည့်ရှိတယ်။
ဘာတွေ ပိုင်ဆိုင်မလဲဆိုတာကတော့
ကိုယ့်ထိန်းချုပ်မှုအောက်မှာမရှိဘူး။
မပြောင်းလဲချင်တဲ့
ကိုယ့်မိဘ၊ ညီအစ်ကိုမောင်နှမ၊
သားသမီးတောင်
ပြောင်းလဲလို့မလွယ်တဲ့အချိန်မျိုးမှာ
မပြောင်းလဲချင်တဲ့ တခြားသူတွေကို
ကြိုးစားပြီး သွားပြောင်းလဲတာ
အပိုပဲဖြစ်နိုင်တယ်။
ကျွန်တော်ရဲ့ ဘဝ philosophy က
ရှင်းရှင်းလေးပဲ။
ပိုက်ဆံတွေအများကြီးရှိပြီး
ဆုံးရှုံးမှာ ကြောက်နေတဲ့သူ
ကျန်းမာရေးမကောင်းနဲ့သူအဖြစ်
မနေချင်ဘူး။
ဘဝမှာ ကိုယ့်ရဲ့ personal development,
Professional ပိုင်းမှာ mastery ဖြစ်ပြီး၊
ကိုယ့်ထိန်းချုပ်မှုအောက်အပြည့်ရှိပြီး
တိုးတက်နေတဲ့ Business ရှိပြီး
ကိုယ့်ကိုကိုယ် အကောင်းဆုံး
တည်ဆောက်နေဖို့ပဲ။
ကိုယ့်ကိုကိုယ် ကောင်းအောင်မလုပ်ပဲ
သူများကို ကောင်းအောင်လုပ်ပေးဖို့
မလွယ်ဘူး။
Phyo Paing @ Derek