ငါဆက်အိပ်လိုက်အုံးမယ်။
ပျင်းတော့မယ်ကြံရင်
ဒါအရေးကြီးတယ်။
ဒီတစ်ခေါက်ရှုံးရင်
နောက်တစ်ခေါက်ရှုံးဖို့လွယ်တယ်။
အကျင့်ပါတတ်တယ်။
ဒီနေ့တော့ ဒါလေးမလုပ်တော့ဘူး။
အဲ့လို စဥ်းစားလိုက်ရင်
အန္တရာယ်ရှိတယ်။
မနက်ဖြန်လဲ ဒီစဥ်းစားပုံမျိုး
ထပ်ခါထပ်ခါ ပြန်ဖြစ်နိုင်တယ်။
ဘဝဆိုတာ တိုတိုလေး။
တိုတိုလေးထဲမှာမှ
ငယ်ဘဝက မိဘပေါ်မှီခိုရတယ်။
နောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့
တော်တော် ကြိုးစားရတယ်။
နောက်တစ်ဆင့် ကိုယ့်အပေါ်မှီခိုရတဲ့သူတွေ
ရှိလာတဲ့အရွယ် ရောက်လာတယ်။
ဘဝဖြစ်စဥ်ကြီးမှာ ထွက်ပြေးမရသူက
ကိုယ်ပဲ။
ဒါကြောင့် နေ့စဥ်ဖြတ်သန်းမှုတိုင်းမှာ
ဘယ်လို အခြေအနေပဲဖြစ်နေနေ
အကောင်းဆုံးသင်ဖန်တီးဖို့က
ကိုယ့်တာဝန်ပဲ။
Phyo Paing @ Derek