အသက်ကြီးလာတော့ တဖြည်းဖြည်း
နားလည်တာက လောကကို
လွမ်းမိုးထားတာ “ပါဝါ” ပဲ။
လူတွေက ဒီ “ပါဝါ” ရဖို့
ပညာသင်တယ်၊
ရာထူးအာဏာရယူတယ်၊
ပိုက်ဆံရှာတယ်။
တချို့ကျတော့ မေတ္တာနဲ့ ပါဝါတည်ဆောက်တယ်။
တချို့က ကျွမ်းကျင်မှုနဲ့ ပါဝါတည်ဆောက်တယ်။
တချို့က ဘွဲ့တွေနဲ့ ပါဝါတည်ဆောက်တယ်။
တချို့ကငွေနဲ့။
တချို့က ရာထူးဂုဏ်ရှိန်နဲ့။
တချို့က အလှအပနဲ့။
တချို့က ခွန်အားဗလနဲ့။
တချို့က ဥာဏ်ပညာနဲ့။
တချို့က အပေါင်းအသင်းနဲ့။
တချို့က နာမည်ကြော်ကြားမှုနဲ့။
ပါဝါပိုရှိတဲ့သူက ရွေးချယ်မှုပိုရှိတယ်။
ဆုံးဖြတ်ပိုင်ခွင့်ပိုရှိတယ်။
သက္က လောကမှာတော့
ဥာဏ်ပိုရှိတဲ့ လူတွေက
တိရစ္ဆာန်တွေကို အုံလိုက်ကျင်းလိုက်
သတ်ဖြတ်ပြီး မြိန်ရည်ရှက်ရည်
စားသုံးကြတယ်။
ပြီးတော့ ကိုယ်ချင်းစာတရားရှိသလိုလို
Hypocrite တွေ လုပ်ကြတယ်။
လောကမှာ ယုံကြည်တာတွေထဲက
တစ်ခုက လောကမှာ ကောင်းကောင်း
ရှင်သန်ရပ်တည်ဖို့၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့
ကိုယ့်မှာ “ပါဝါ” တစ်ခုတော့လိုတယ်။
Phyo Paing @ Derek