တချို့ကတော့
ပိုက်ဆံရှာတဲ့အပိုင်းမှာ
စိတ်ညစ်ခံတယ်။
ပိုက်ဆံသုံးတဲ့အပိုင်းမှာ
စိတ်ညစ်မခံဘူး။
ဥပမာ ကိုယ့်ကိုပိုက်ဆံပေးတဲ့သူနဲ့ဆို
အချိန်ဘယ်တော့မှ နောက်မကျအောင်
ဂရုစိုက်တယ်။
အကောင်းဆုံးဝန်ဆောင်မှုပေးတယ်။
ကိုယ်နဲ့ အလုပ်လုပ်လို့
စိတ်မဆင်းရဲစေရဘူး။
ဒါက ကုမ္ပဏီဝန်ထမ်းလုပ်ကတည်းက
ဒီစိတ်ပဲထားတယ်။
ကိုယ်ပိုက်ဆံသုံးတဲ့အခါမှာလဲ
စိတ်ညစ်မခံဘူး။
ကိုယ်ပေးထားသလောက် ပြန်ရဖို့
မျှော်မှန်းတယ်။
အကောင်းဆုံးဝန်ဆောင်မှုပြန်ရဖို့
မျှော်မှန်းတယ်။
စိတ်ညစ်စေရင် တာ့တာပြတယ်။
ပိုက်ဆံသုံးပြီး စိတ်ညစ်မခံနဲ့။
ဒီလိုလုပ်နိုင်အောင်လဲ
ရှာတဲ့အချိန်တိုင်း လာရောင်းတဲ့သူရှိအောင်
လုပ်ထားနိုင်ဖို့လိုတယ်။
Phyo Paing @ Derek