Motivation ဖြစ်တဲ့စာတွေရေးတာ
များတာလား၊ မများတာလားတော့မသိဘူး။
ကျွန်တော့်ဘဝမှာ Unlimited Power ဆိုတဲ့
စာအုပ်ဖတ်ပြီးကတည်းက သူ့မှာပါတဲ့
empowering belief ၇ ခုကို
“ပိုရယူ သိလူကစား ဖြစ်အောင်လုပ်” ဆိုတဲ့
စကားလုံး ၇ လုံးနဲ့ အတိုကောက်မှတ်ထားပြီး
ဘဝကို အဲ့ယုံကြည်မှုနဲ့ပဲနေထိုင်တယ်။
၁။ အရာရာ “ပို” ကောင်းဖို့ဖြစ်လာတာပါ။
၂။ အရှုံးဆိုတာမရှိဘူး။ “ရ” လဒ်တွေပဲရှိတယ်။ လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။
၃။ ဘာပဲဖြစ်ဖြစ် တာဝန်”ယူ”ပါ။
၄။ တစ်ခုခုကို အသုံးချဖို့ အကုန် “သိ” နေစရာမလိုဘူး။ တချို့အလုပ်တွေက လုပ်ရင်းနဲ့သိသွားကြမယ်။
၅။ “လူ” ကြောဆိုတာ ရွှေကြော။ လူတွေက အကောင်းဆုံးအရင်းအမြစ်။ သေချာထိန်းသိမ်းပေါင်းသင်းဆက်ဆံတတ်ဖို့လိုတယ်။
၆။ အလုပ်ဆိုတာ “ကစား”တာ။ Game တစ်ခုပဲ။ Work is play လို့ခံယူထားရမယ်။ အလုပ်လုပ်နေတယ်ဆိုတဲ့စိတ်ထက် level တစ်ခုတက်ဖို့ game ကစားနေတယ်လို့ ခံယူရမယ်။
၇။ “ဖြစ်အောင်လုပ်”။ တစ်ခုခုလုပ်မယ်လို့ဆုံးဖြစ်ပြီးရင် ဖြစ်အောင်လုပ်ပါ။
ဒါကတော့ ကျွန်တော့်ဘဝနေနည်း Manifesto ပဲ။
Phyo Paing @ Derek