ချမ်းသာတဲ့သူတွေ ပိုချမ်းသာတယ်။
တော်တဲ့သူတွေပိုတော်တယ်။
ပျော်တဲ့သူတွေပိုပျော်တယ်ဆိုတာ
ခေါင်းထဲမှာလည်ပတ်နေတဲ့ အတွေးစနစ်ကောင်းလို့။
ခေါင်းထဲထည့်ထားတဲ့ ပရိုဂရမ်တွေအရေးကြီးတယ်။
အချိန်နဲ့အမျှ အတွေးတွေက ခေါင်းထဲ
ဒရစက်ဝင်နေတယ်။
တစ်ရက်လူတစ်ယောက်ကအတွေးပေါင်း
၁၂၀၀၀ ကနေ ၆၀၀၀၀ လောက်ထိတွေးကြတယ်တဲ့။
ဒီအတွေးတွေကို လည်ပတ်စေတဲ့စနစ်ကို
သေချာ မတည်ဆောက်ထားရင်
ဘဝက တိုင်ပတ်မှုအပေါင်းသရဖူဆောင်း
သွားလိမ့်မယ်။
ဒီအတွေးတွေကိုပြောင်းဖို့
ကိုယ့်ကိုကိုယ် ပြောနေတဲ့ပုံပြင်တွေကိုပြောင်းဖို့လိုတယ်။
ပုံကို ပြင်ဖို့
ပုံပြင်လိုတယ်။
Phyo Paing @ Derek