ကိုယ့်ရဲ့ အနာဂတ်အောင်မြင်မှုရဲ့
ပုံစံက ဘယ်လိုဖြစ်နေနိုင်မလဲ။
ဘယ်လို အငွေ့အသက်မျိုးလဲ။
ဘယ်လို ပုံရိပ်မျိုးကိုတွေ့လဲ။
ဘယ်နေရာမှာ ဘယ်လိုသူတွေနဲ့ရှိနေပြီး
ဘာတွေပိုင်ဆိုင်ပြီး
ဘာအလုပ်တွေ လုပ်နေမလဲ။
ကိုယ့်ရဲ့အောင်မြင်နေတဲ့ပုံရိပ်ကို
စဥ်းစားပုံဖော်ကြည့်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ်
ဘယ်လိုစကားတွေပြောနေမလဲ။
ဘယ်လို အသက်ရှူနေမလဲ။
ဘယ်လို ထိုင်နေမလဲ။
ကိုယ့်ရဲ့ ပုံပန်းသဏ္ဉာန်က
ဘယ်လိုမျိုးဖြစ်နေမလဲ။
ဘယ်လိုအင်္ကျီမျိုးဝတ်ထားမလဲ။
ခန္ဓာကိုယ်ပုံစံဘယ်လိုဖြစ်နေမလဲ။
ပြန်မြင်ယောင်ကြည့်။
ကြားယောင်ကြည့်။
ခံစားကြည့်။
ဘာတွေမြင်လဲ။
ဘာတွေကြားလဲ။
ဘယ်လိုခံစားရသလဲ။
Phyo Paing @ Derek