တချို့အချိန်တွေမှာ
တချို့လူတွေကို
ကျွန်တော်တို့ တဖြည်းဖြည်း
ပြောင်းလဲသွားရင် ရမယ်ဆိုတဲ့
ယုံကြည်ချက်နဲ့
ဘဝဆုံးဖြတ်ချက်တွေ ချခဲ့တဲ့
အချိန်တွေ ရှိကောင်းရှိလိမ့်မယ်။
အစပိုင်းမှာ အောင်မြင်သလိုလိုရှိပြီး
နောက်ပိုင်းမှာ လူတွေမပြောင်းလဲချင်ရင်
ပြောင်းလဲ ပေးလို့မရဘူးဆိုတာ
သိလာတဲ့ အချိန်တွေ ရှိကောင်းရှိမယ်။
ပြောင်းလဲလို့မရတဲ့သူတွေထဲမှာ
အသစ်သင်ယူမှု မလုပ်ချင်တဲ့သူတွေပါတယ်။
အသစ်သင်ယူမှု မလုပ်တဲ့အခါ
နှစ်ပေါင်းများစွာခေါင်းထဲရှိခဲ့တဲ့
အတွေးအခေါ်ကို ပြောင်းလဲဖို့
မဖြစ်နိုင်သလောက် ခဲရင်းလာတယ်။
ဒီလို လေ့လာသင်ယူမှု မရှိ
ဘဝကို တရားသေသတ်မှတ်ပြီး
ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်မှုမရှိ
တခြားသူအကြောင်းပဲ အဓိကစဥ်းစား
ကိုယ့်ကို အထင်ကြီးဖို့ ဟန်ဆောင်ကြိုးစား
အပြင်ကို ပြတဲ့ ပုံရိပ်နဲ့
တကယ့်လက်တွေ့ ဘဝနဲ့ ကွာဟချက်တွေ
ရှိတဲ့ သူကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ
လွယ်မလိုလိုနဲ့
ဖြစ်နိုင်ခြေအရမ်းနည်းတယ်ဆိုပြီး
ခံစားရတဲ့အချိန်တွေ
တချို့လူတွေ တွေ့ဖူးကောင်း
တွေ့ဖူးခဲ့ကြလိမ့်မယ်။
လူတွေကို ပြောင်းလဲဖို့
မျှော်လင့်ချက်တွေအများကြီး
မထားထားပါနဲ့။
ကိုယ့်ကြောင့် ပြောင်းလဲသွားမယ်ဆိုပြီးလဲ
ကိုယ့်ကိုကိုယ် အထင်မကြီးထားနဲ့။
လောကမှာ ပြောရမယ်ဆို
မပြောင်းလဲချင်သူကို
အနုနည်းနဲ့
ပြောင်းလဲရမှာ အခက်အခဲဆုံးပဲ။
Phyo Paing @ Derek