Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပြဿနာတိုင်းမှာ အဖြေရှိတယ်

ခက်ခဲတဲ့အရာမှန်သမျှ
စိတ်ထဲမှာ တစ်ခါ စိတ်ကူးမြင်ပြီး
အပြင်လောကမှာ တစ်ခါအကောင်အထည်
ပေါ်ကြတယ်ဆိုတာ ကြားဖူးလိမ့်မယ်။

Victorious because of Vision တဲ့။
အနာဂတ်အမြင်က အောင်မြင်တဲ့ဘဝ
တည်ဆောက်ဖို့ အရေးကြီးတယ်။

လူဖြစ်ရှုံးတယ်ဆိုတာ ကိုယ့်အစွမ်းအစ
ရှိသလောက် အကုန်မသုံးပဲ
ဘေးထိုင်ဘုပြော ဘဝကြီးကို ကုန်ဆုံးတာပဲ။
ကိုယ့်အတွက်လဲ အကျိုးမရှိသလို
တခြားသူတွေ အတွက်လဲ အကျိုးမရှိဘူး။

ကိုယ်ရဲ့အစွမ်းအစတွေ အကုန်အသုံးပြုပြီး
Be all you can be ဖြစ်ဖို့
John C Maxwell စာအုပ်ဖတ်ရင်း
စဥ်းစားမိတာ တချို့ရှိတယ်။
သူက Christian ဘုန်းတော်ကြီးဘဝကလာတော့
Jesus အကြောင်းတွေတော့အများကြီးပါတယ်။

ဒီစာအုပ်က ကိုယ်စဥ်းစားမိတာတချို့ရှိတယ်။
SUCCESS ကို အတိုကောက် acronym အနေနဲ့
S- SELECT YOUR GOAL
U—UNLOCK YOUR IMPRISONED
POTENTIAL
C—COMMIT YOURSELF TO
GOD’S PLAN
C—CHART YOUR COURSE
E—EXPECT PROBLEMS
S—STAND FIRM ON YOUR
COMMITMENT
S—SURRENDER EVERYTHING TO
JESUS CHRIST လို့ဆိုတယ်။

တကယ်တမ်း ကျွန်တော့်ဘဝကို
အကြီးအကျယ်အပြောင်းအလဲဖြစ်စေခဲ့တဲ့
ဆရာတစ်ယောက်ဆိုရင်လဲ
Christian တစြဦးပဲ။
တရားဟောဆရာတစ်ဦး။
သူ့ကြောင့် ဘဝတချိုးကွေ့
အများကြီး အပြောင်းအလဲဖြစ်သွားတယ်။
သူတို့မှာ လူတွေကို service ပေးမယ်ဆိုတဲ့
Godplan ရှိတာတွေ့ရတယ်။

David and Goliath ပုံပြင်တွေ
အများကြီးသုံးထားတာတွေ့ရတယ်။

ထားပါတော့။
လိုချင်တာရတာ အောင်မြင်တာပဲပေါ့။
လိုချင်တာရဖို့ ကိုယ်ဘာလိုချင်တာလဲ
သိရမယ်။
ဒါကြောင့် Select Your Goal နဲ့စတယ်။

နောက်ပြီး လူတိုင်းမှာ ပိတ်နေတဲ့
အစွမ်းအစတွေရှိတယ်။
အဲ့ဒီ အစွမ်းအစက ဘာလဲသိဖို့
ပြန်လည်သုံးသပ်ကြည့်ဖို့လိုတယ်။
ပြီးရင် ဒါကို သော့ဖွင့်နှိုးဆွဖို့လိုတယ်။
Unlock your imprisoned potentials

နောက်တစ်ခုက ကိုယ့်ရဲ့ Purpose က
ဘာလဲ သိရမယ်။
ကိုယ်အလုပ်လုပ်နေတဲ့ ရည်ရွယ်ချက်ပေါ့။
ကျွန်တော်ကတော့ စမ်းသပ်မှုတွေ
လုပ်နိုင်သမျှ များများလုပ်ပြီး
တွေ့ရှိချက်တွေကို လူတွေနဲ့ပြန်မျှဝေမယ်။
အဓိကအပိုင်းတွေကတော့
Personal, Professional နဲ့ Business
အပိုင်းတွေပေါ့။

နောက်တစ်ခုက Plan လိုတယ်။
Plan မရှိရင် ပက်လက်လှန်လိမ့်မယ်။
Chart Your course လို့ဆိုတယ်။

နောက် စောက်ပြဿနာတွေကို
ကြိုတင်မျှော်လင့်ထားဖို့လိုတယ်။
တခါမှ မရဖူးတာတွေရဖို့
တခါမှ မလုပ်ဖူးတာတွေ လုပ်ရကောင်း
လုပ်ရလိမ့်မယ်။

လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်
ဖြစ်အောင်လုပ်ဆိုတဲ့
commitment လိုတယ်။

နောက် လောကကြီး (ဘုရားသခင်) ကို
ယုံပြီး ပုံအပ်လိုက်ပါပေါ့။
ဒီဘဝတော့ ကံတရားကိုပဲ
ဦးညွတ်တယ်ဆိုတာမျိုးပေါ့။
Spirituality မှာ Surrender ဆိုတဲ့
စကားလုံးသုံးတယ်။
Universe က အကုန်တစ်ခုထဲ
ပန်းတွေ၊ သတ္တဝါတွေ၊
ဒါကို the One လို့သုံးတယ်။

နောက် ကိုယ့်ကိုကိုယ်
stretch လုပ်ရမယ်။
အပျင်းကြီးနေလို့မရဘူး။
Stretch goal ဆိုတာ
ကိုယ်သတ်မှတ်တဲ့ ရည်မှန်းချက်
ပန်းတိုင်ရောက်တဲ့အခါ
သူ့ထက်ပိုပြီး ရောက်အောင်
လုပ်တာ ကြိုးစားတာမျိုးပေါ့။

101% principle ဆိုတာလဲကောင်းတယ်။
ကိုယ်နဲ့ ငြိလို့မရတဲ့သူကို ဦးဆောင်တဲ့အခါ
1% သဘောတူတာကိုရှာ
100% အဲ့တစ်ခုကို commit လုပ်တဲ့။

ခွင့်လွတ်တတ်ဖို့ အရေးကြီးတာ၊
ပျော့ပြောင်းဖို့ flexible ဖြစ်ဖို့အရေးကြီးတာ၊
ဦးဆောင်တဲ့သူမှာ discomfort ဖြစ်မှာပဲ၊
ဒီနေ့လို gratification ကြိုက်တဲ့
instant ဖြစ်တဲ့ credit card တွေ၊
ခလုပ်နှိပ်လိုက်တာနဲ့ မုန့်မှာလို့ရတဲ့ခေတ်မှာ
ဦးဆောင်သူတွေက သာမာန်လူတွေနဲ့မတူဘူး
ဒူပေဒါပေခံဖို့လိုတယ်ဆိုတဲ့အကြောင်းတွေ
ပြောထားတယ်။

အရှုံးကို ရင်ဆိုင်ရတဲ့အခါ
moment အခိုက်အတန့်လေးတွေလို့မှတ်တဲ့။
အထင်အမြင် opinion တွေထက်
လူတွေကို တန်ဖိုးထားပါတဲ့။

တစ်ခုခုကို ရအောင်အကောင်အထည်
ဖော်ချင်ရင် See, Say, Seize တဲ့။

ပြဿနာတိုင်းမှာ အဖြေရှိတယ်။
ဒါကြောင့် ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုတာ
မေ့ထားလိုက်တဲ့။
တကယ့် advanced level မှာရှိတဲ့
သင်္ချာကျောင်းသားတွေကို
professor တစ်ယောက်က ဒီပုစ္ဆာတွေက
သင်္ချာမှာ အဖြေရှာရခက်တဲ့အရာတွေလို့
ပြောပြီးတွက်ခိုင်းတဲ့အခါ
ကျောင်းသားတော်တော်များများ
အဖြေရှာရခက် တိုင်ပတ်ကြတယ်။
ဒါပေမယ့်ကျောင်းသားတစ်ယောက်က
အဖြေရသွားတယ်။
ဘာကြောင့်လဲဆို အဖြေရှာရခက်တယ်ဆိုတဲ့
အကြောင်း ငါးမိနစ်နောက်ကျလို့
professor ပြောတာ
သူမကြားလိုက်ရလို့တဲ့။

လူတစ်ယောက်ရဲ့ အရည်အချင်းဟာ
သူဖြေရှင်းတဲ့ပြဿနာ level နဲ့
တိုက်ရိုက်အချိုးကျနိုင်တယ်။

ဒါကြောင့် ပြဿနာတစ်ခုဖြေရှင်းရင်
ရှင်းရှင်းလင်းလင်းအရင်ချရေး။
ပြဿနာအကြောင်း ဂဂဃဃသိအောင်လုပ်။
Situation ကို သေချာသိမှ
မှန်ကန်တဲ့ ဆုံးဖြတ်ချင်ချနိုင်တယ်။
Fact check လုပ်။
Feedback နားထောင်
လုပ်ရမှာကို Focus လုပ်၊
ရှေ့ဆက်ရမှာကို စဥ်းစား။

ဒါလေးကတော့မိုက်တယ်။

The wrong decision at the wrong time = disaster.

The wrong decision at the right time = a mistake.

The right decision at the wrong time = unaccceptance.

The right decision at the right time = success.

အဲ့တော့ ကိုယ့်အစွမ်းအစ
ကိုယ်အပြည့်မထုတ်ရင်
လူဖြစ်ရကျိုးမနပ်တဲ့အတွက်
အားတီ၊ အားမေတို့
ရည်မှန်းချက်ပန်းတိုင်ကိုချရေး၊
ကိုယ့်ရဲ့ superpower ကိုရှာ၊
why ကို ရှာ၊
နည်းလမ်းရှာ၊
စလုပ်၊
လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်။
ဘနားနားပြောသလို အရှုံးမပေးနဲ့ကြိုးစား။ LOL

Phyo Paing @ Derek

Share Your Idea!​