မားကတ်တင်းလို့ပြောလိုက်ရင်
အရင်က တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်
ပစ္စည်းလိုက်စပ်တဲ့သူပဲ မြင်တတ်ကြတယ်။
စွန့်ဦးတီထွင်လို့ပြောလိုက်ရင်
လောကနဲ့အဆက်ပြတ်ပြီး မြောက်ကြွမြောက်ကြွ
အကြွားသန်တဲ့သူလို့ မြင်တတ်ကြတယ်။
လူတွေက စကားလုံးတွေရဲ့ သရုပ်ဖော်မှုကို
မတူညီတဲ့ အမြင်တွေနဲ့ မြင်ကြတယ်။
ကားလို့ပြောလိုက်ရင်
တစ်ယောက်နဲ့တစ်ယောက်မြင်တဲ့
ကားပုံစံ၊ အမှတ်တံဆိပ်၊ အရောင်း
မတူသလိုပေါ့။
မတူညီတဲ့လူတွေကို လေ့လာကြည့်တော့
စကားလုံးတစ်ခုအပေါ်
အာရုံခံစားနိုင်စွမ်း တစ်ယောက်နဲ့ တစ်ယောက်
မတူကြတာတွေ့ရတယ်။
လူမှုကွန်ယက် Social Media လို့ပြောလိုက်တဲ့အခါ
မတူညီတဲ့လူတွေက လုပ်လို့ရတဲ့စွမ်းပကားနဲ့
အဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုးရှိတတ်ကြတယ်။
တချို့တွေက သူငယ်ချင်းတွေနဲ့
ချိပ်ဆက်တဲ့နေရာ။
တချို့တွေက စီးပွားရှာလို့ရတဲ့နေရာ။
တချို့တွေက ဝါဒဖြန့်လို့ရတဲ့နေရာ။
တချို့တွေက ဒေဒါတွေစုဆောင်းလို့ရတဲ့နေရာ။
တချို့တွေက အိုင်ဒီယာတွေအလုပ်ဖြစ်မဖြစ်
အမြန်ဆုံး စမ်းသပ်လို့ရတဲ့နေရာ။
လူတွေရဲ့ အမြင်တွေက
ကိုယ့်ခေါင်းတည်းထည့်ထားတဲ့အတွေးအခေါ်
အပေါ်မူတည်ပြီး မတူကြဘူး။
ဗုဒ္ဓရဲ့ အဆုံးအမအရ ဘဝဆိုတာ
ဒုက္ခတဲ့။
တချို့က ဘဝမှာ ပြဿနာတွေတော့
ရှောင်လွဲလို့မရဘူး။
ဒုက္ခက ရှောင်လွဲလို့ရတယ်တဲ့။
ဒုက္ခကိုရှောင်လွဲလို့ရတယ်ဆိုတဲ့
သူကိုလဲ အယူမှားလို့ ဒိဌိတဲ့။
လူတွေ မြင်တဲ့အမြင်မတူကြဘူး။
လူအများ အမြင်တူစေချင်ရင်တော့
မြောက်ကိုးရီးယားလို
ခေါင်းထဲရောက်သွားစေနိုင်တဲ့
မီဒီယာတွေကို ထိန်းချုပ်နိုင်မှပဲရချင်ရမယ်။
ဖတ်တဲ့စာ၊ တွေ့တဲ့သတင်းအချက်အလက်၊
ပေါင်းတဲ့သူနဲ့ ကျင်လည်တဲ့အသိုင်းအဝိုင်းမတူရင်
အမြင်တွေ မတူကြဘူး။
Phyo Paing @ Derek