Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဖြစ်ချင်တာတွေဖြစ်လာဖို့ DRC

မြန်မာပြည်မှာ ဘယ်လောက်ကြိုးစားကြိုးစား ______________ မဖြစ်နိုင်ဘူး။

သင်တန်းတွေ တက်ပြီး Over-confident ဖြစ်နေတာနဲ့ ပတ်သက်လို့ ဘယ်လိုမြင်လဲ?

ဒီနှစ်ပိုင်းကို ကြည့်တဲ့အခါ DRC

Dream

Dream အိပ်မက်တွေကြီးပြီး မဖြစ်နိုင်တာမရှိဘူးဆိုတာကတော့ ဟုတ်ပါတယ်။ အချိန်တစ်ခုပေးရင် ဘယ်မရာမဆိုဖြစ်တယ်။ ဒါပေမယ့် Reality Check ကတော့ လုပ်ပေးရမယ်။

Reality Check

ဒါ့ကြောင့် ဆေးကုမ္ပဏီကြီးတွေ ပြည်တွင်းလာရင် data ကြည့်ပြီး ဖြစ်နိုင်ခြေကိုဆုံးဖြတ်တယ်။ သင်္ချာသင်တယ်ဆိုတာ အလကားသင်ထားတာမှ မဟုတ်တာ။ ဆေးရုံအရေအတွက်၊ ကုတက်အရေအတွက်၊ ဆေးရုံတက်နှုန်း Occupancy rate နဲ့ ဆေးဝါးရောင်းမည့်ရောဂါဖြစ်နှုန်း၊ ဒီနိုင်ငံကလူတွေရဲ့ ဝင်ငွေနဲ့ သုံးနိုင်စွမ်းအပြင် နောင်ငါးနှစ်အတွင်းဖြစ်လာနိုင်တဲ့ ဝင်ငွေ GDP per capita တွက်ချက်ပြီးမှဝင်တယ်။

ဒါ့ကြောင့်အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ အရှိကို အရှိအတိုင်းမြင်ဖို့လိုတယ်။ ဖြစ်နိုင်ချေကိုထည့်သွင်းစဉ်းစားရမယ်။ တကယ်လို့ နေထိုင်ရာနေရာပြောင်းဖို့လိုရင်လည်း ပြောင်းသင့်ရင်ပြောင်းရမယ်။ မြန်မာပြည်မှာနေပြီး လေယာဉ်ထုတ်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေနည်းမှာပေါ့။

Commitment

တကယ်လို့ ဖြစ်လည်းဖြစ်နိုင်တယ်။ ကိုယ့်အိမ်မက်နဲ့လည်းကိုက်တယ်။ ဆုံးဖြတ်ချက်ချပြီးပြီဆို ခဏခဏနောက်ပြန်မလှည့်နဲ့။

Phyo Paing @ Derek

Share Your Idea!​