နေ့တိုင်းဘဝကို အထာကျကျ
ဖြတ်သန်းချင်ရင်
ဗုဒ္ဓစကားနားထောင်ပါ။
လူတစ်ယောက်ရဲ့ အခြေခံ
အကျဆုံး ကျွမ်းကျင်မှုက
“အာရုံ” စီမံခန့်ခွဲမှုပဲ။
စိတ်ဆိုတာ အဖြူထည်လေး။
အာရုံထားတဲ့ နေရာကို
စိတ်က ရောက်တယ်။
စေတသိတ်တွေကခြယ်လှယ်တယ်။
အလိုမကျမှုတွေကို အာရုံစိုက်ရင်
အားငယ်စိတ်တွေကို အာရုံစိုက်ရင်
ကြောက်စိတ်တွေကို အာရုံစိုက်ရင်
မတရားသဖြင့်ရယူလိုစိတ်တွေထားရင်
လောဘ၊ ဒေါသ၊ မောဟ၊ သောက
ဒီစေတသိတ်တွေ လွမ်းမိုးပြီး
နေ့စဥ်ဘဝက လောဘ၊ ဒေါသ၊
မောဟ၊ သောက၊ ဗျာပါဒ တွေများနေမယ်။
တခြားသူနဲ့နှိုင်းယှဉ်ပြီး စိတ်မကျေမချမ်းဖြစ်နေရင်
သသင်္ခါရိကအုပ်စုဝင် စေတသိက်တွေလွမ်းမိုးပြီး
စိတ်မရွင်မသာ ဖြစ်နေလိမ့်မယ်။
ကိုယ့်စိတ်ရဲ့အဖြစ်အပျက်တွေကို
နေ့စဥ် ဂရုပြုရှုမယ်ဆိုရင်
ဖြစ်ပြီးပျက်တဲ့ သဘောတရား။
ဒီရေလှိုင်းလို တက်လိုက်ကျလိုက်
သဘောတရားကို သတိပြုမိလိမ့်မယ်။
သဗ္ဗစိတ္တသာဓာရဏစေတသိက် တွေလွမ်းမိုးလိမ့်မယ်။
Self-awareness ပိုရှိလာမယ်။
ဒါကြောင့်လဲ ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာ
သမ္မာသတိ မှန်သော အောက်မေ့ နှလုံးသွင်းမှု၊
သမ္မာသမာဓိ မှန်သော တည်ကြည် စူးစိုက်မှုရှိဖို့
ဟောကြားခဲ့တာ။
ကိုယ့်ရဲ့အိပ်မက်တွေပေါ်အာရုံပြုမယ်။
အတိတ်ရဲ့ဂုဏ်ယူစရာတွေပြန်စဥ်းစား
ပီတိဖြစ်မယ်။
ဝီရိယထားပြီး အလုပ်လုပ်ကိုင်မယ်။
ကိုယ့်အတွေးအကြံအလုပ်ကို သေချာဂရုပြုမယ်။
ဒါဆို ပကိဏ်းစေတသိက် တွေလွမ်းမိုးမယ်။
ကိုယ်က တခြားသူတွေကို ကူညီပေးဖို့
ပေးဆပ်ဖို့ စဥ်းစားတဲ့အခါ
သဒ္ဒါတရား ဖြစ်မယ်။
ကိုယ့်ဘဝက နေ့စဥ်လိုက်နာရမည့်စည်းကမ်းနဲ့
လျှာပေါ်မြက်ပေါက်ပါစေ
သူတပါးဒုက္ခရောက်အောင် မလုပ်ဘူး။
သမာအာဇီဝနဲ့ အသက်မွေးတဲ့အခါ
ကိုယ့်လိပ်ပြာကိုယ်လုံပြီး
အာရုံကို သေချာစူးစိုက်လို့ရမယ်။
စိတ်ရေပြင်တည်ငြိမ်အောင်လုပ်ဆောင်နိုင်တယ်။
သောဘဏသာဓာရဏစေတသိက်နဲ့
ဝိရတိ စေတသိက် လွမ်းမိုးမယ်။
လောကသဘာဝကို နားလည်လိုမှု
ထိုးထွင်းသိမြင်စိတ်မှာ
အာရုံပြုတဲ့အခါ ပညိန္ဒြေ စေတသိက်
လွမ်းမိုးမယ်။
ပြောပြတာနဲ့ မရတဲ့
လောကသဘာဝအကြောင်း ပိုနားလည်လာမယ်။
ဗုဒ္ဓဆိုတာ ဥာဏ်အလင်းပွင့်ခြင်း
awakening ကို ခေါ်ပြီး
ဗုဒ္ဓဘာသာဆိုတာ
Teaching of Buddha ဗုဒ္ဓရဲ့သင်ကြားမှုများဖြစ်တယ်။
နောက်ပိုင်းမှာ school of thoughts ဝါဒတွေဖြစ်လာတယ်။
အရေးအကြီးဆုံးက
ကိုယ့်နေ့စဥ်ဘဝမှာ ဘယ်လိုအသုံးပြုမလဲဆိုတဲ့အချက်
အရေးအကြီးဆုံးလို့ထင်တယ်။
ဒါကြောင့် ကိုးကွယ်မှုဝါဒထက်
ကျင့်သုံးရေး အသားပေး
Secular Buddhism ကို ကျင့်သုံးတယ်။
ကျွန်တော်ကတော့ နေ့စဥ်လောကီဘဝမှာ
တော်၊ ပျော်၊ ပွား၊ ပေး
ဒီလေးခု နေ့စဥ်အာရုံစိုက်လုပ်ဆောင်တယ်။
နေ့စဥ် ပိုတော်လာရမယ်။
နေ့စဥ် ပိုပျော်ရမယ်။
နေ့စဥ် အရင်းအမြစ်ငွေကြေးဥစ္စာ ပိုပွားများလာရမယ်။
နေ့စဥ် ကိုယ်မှာရှိတဲ့ ပိုလျံတဲ့အရာကို
လူအများအတွက် ပိုပေးနိုင်ရမယ်။
Phyo Paing @ Derek
#drphyopaing
To live each day with purpose and style, consider embracing the teachings of the Buddha.
At the heart of our existence lies a fundamental skill: mastering mindfulness. The mind, much like a blank canvas, reflects wherever we place our attention, and our thoughts are shaped by our focus.
When we dwell on dissatisfaction, weakness, fear, or unjust desires, the mental factors of greed, anger, delusion, sorrow, and anxiety begin to dominate our lives.
If you find yourself comparing with others and feeling discontent, the mind will be clouded by envy and jealousy, leading to unhappiness.
By observing your thoughts and emotions daily, you will start to see the impermanent nature of all things, much like waves rising and falling in the ocean. This realization enhances self-awareness.
This is why the Buddha emphasized right mindfulness and right concentration as crucial elements of the Noble Eightfold Path. These are the mental factors that guide us toward clarity and peace.
Direct your focus toward your dreams. Reflect on past achievements with joy, work with diligence, and pay attention to your thoughts and actions. This cultivates positive mental states.
When you think of helping and giving to others, you practice generosity. By living according to ethical principles and right livelihood, you maintain a calm and peaceful mind.
Understanding the nature of the world fosters wisdom, a key mental factor that illuminates the path.
Buddhism, at its core, is about awakening—the enlightenment that the Buddha attained. The teachings of Buddhism are meant to guide us on this path.
While different schools of thought have emerged over time, what truly matters is how we apply these teachings in our daily lives.
This is why I practice Secular Buddhism, focusing on practical application rather than mere belief.
In my daily life, I center my attention on four principles: Mastery, Joy, Growth, and Giving.
Each day, I strive to improve, find greater happiness, increase my resources, and share more generously with others.
Phyo Paing @ Derek