တခါတလေ ကိုယ်မလုပ်ဖူးတဲ့
အသစ်တစ်ခုခုလုပ်တော့မယ်ဆို
အဆုံးထိမစဥ်းစားတာလဲ ကောင်းတဲ့အချက်ရှိတယ်။
ငယ်ငယ်က အလုပ်တစ်ခုလုပ်တော့မယ်ဆို
ဇာတ်ကားတစ်ခုလို အဆုံးထိစဥ်းစားလိုက်တယ်။
နောက်ဆုံးလဲရောက်ရော
ဒီလုပ်ရမည့်အရာကို ရင်မခုန်တော့ဘူး။
အဲ့တော့ မလုပ်ဖြစ်တော့ဘူး။
တချို့အလုပ်တွေက အဆုံးထိစဥ်းစားပြီး
ကိုယ်မကြုံဖူးသေးတဲ့ အခက်အခဲတွေကို
စိတ်ကူးယဥ်မှန်းဆနေတာနဲ့ တကယ်နဲ့
တူချင်မှ တူမှာ ဖြစ်တဲ့အတွက်
တချို့အလုပ်တွေက အတွေးမများပဲ
လုပ်စရာရှိတာ လုပ်ရမှာပဲ။
လုပ်ပြီးရင်တော့ ကိုယ့်ကိုကိုယ်
ဘယ်တော့မှ မပြစ်မတင်နဲ့။
Phyo Paing @ Derek