ကျောင်းပြီးတဲ့အခါ
အလုပ်မရတာဖြစ်နိုင်တယ်။
စိတ်ဓာတ်တွေ ခဏခဏ
ကျတာဖြစ်နိုင်တယ်။
လုပ်ငန်းလုပ်တဲ့အခါ
ကျဆုံးတဲ့ပြဿနာတွေဖြစ်နိုင်တယ်။
လုပ်ငန်းထဲကထွက်မရတဲ့
ပြဿနာတွေဖြစ်နိုင်တယ်။
နာမကျန်းဖြစ်နိုင်တယ်။
အိမ်ထောင်ကျတဲ့အခါ
အဆင်မပြေတာဖြစ်နိုင်တယ်။
အသက်ကြီးတဲ့အခါ
ကိုယ့်ကလေးက ကိုယ်ဖြစ်စေချင်သလို
မဖြစ်တာ ဖြစ်နိုင်တယ်။
အသက်ကြီးတဲ့အခါ
အထီးကျန်တာဖြစ်နိုင်တယ်။
သေတဲ့အခါ ညင်ညင်သာသာ
မသေတာ ဖြစ်နိုင်တယ်။
လောကမှာ ဖြစ်နိုင်တဲ့
မကောင်းတာတွေကို
ကြိုတင် list လုပ်ထားတယ်။
ဒါတွေဖြစ်လာတဲ့အခါ
ဖြေရှင်းဖို့ အဖြေတွေကြိုရှာထားတယ်။
ဒါကြောင့် တက္ကသိုလ်ပြီးပြီးချင်း
အလုပ်လုပ်လို့ရခဲ့သလို
အကုန်လုံးအချိပ်အဆက်မိမိနဲ့
ခရီးဆက်ခဲ့နိုင်တယ်။
ဘဝမှာ ဖြစ်သလိုနေရင်
ဖြစ်သလို ရလဒ်ပဲရလာမယ်။
ဒါကြောင့် သေချာ design လုပ်ဖို့လိုတယ်။
ဒီနေ့ နေရာမရွေးပဲ အလုပ်လုပ်လို့ရလာတယ်။
location independent ဖြစ်ဖို့ လွန်ခဲ့တဲ့
ငါးနှစ်လောက်ကတည်းက
ကြိုတင်စီမံခဲ့တယ်။
ဒီနေ့ခေတ် ပို့စရာမလိုတဲ့
digital products တွေနဲ့
စီးပွားရေးတည်ဆောက်နိုင်တယ်။
ဒါကလဲ လွန်ခဲ့တဲ့နှစ်တွေက
ကြိုတင်ပြင်ဆင်ထားလို့။
Client တွေကိုလိုက်မရှာရပဲ
ကိုယ့်ကိုလာရှာကြတယ်။
တချို့တွေက ဒီလျှို့ဝှက်ချက်ကို
လာလာမေးတယ်။
ဒါလဲ လွန်ခဲ့တဲ့ ငါးနှစ်လောက်က
ကြိုတင်ပြင်ဆင်ခဲ့လို့။
တစ်လကို လူသန်းချီဆီ
ကိုယ်ပေးချင်တဲ့ message ကို
ကြော်ငြာစရိတ်ပေးစရာမလိုပဲ
ရောက်အောင် လုပ်နိုင်လာတယ်။
ဒါလဲ ကြိုတင်ပြင်ဆင်ခဲ့လို့။
ကံကောင်းတယ်ဆိုတာ
ကြိုတင်ပြင်ဆင်မှုနဲ့
အခွင့်အရေးဆုံမှတ်ကိုခေါ်တာပါ။
အနာဂတ်အတွက် Plan မရှိရင်
ပက်လက်လှန်တတ်တယ်။
Phyo Paing @ Derek