ဘဝမှာ ဒုက္ခဆိုတာ “အမှန်တကယ်” ရှိတယ်။
ဒီ “အမှန်တကယ်” ဆိုတဲ့ စကားလုံးက
အရေးတော်တော် ကြီးတယ်။
ဒီစကားမပါခဲ့လို့ ငယ်ဘဝအချိန်တချို့
တိုင်ပတ်ပြီး အေးချမ်းမှုရှာမရဖြစ်ခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ်က
ဘာသာတရားကိုင်းရှိုင်းတဲ့အမေ့လက်အောက်က
ကြီးပြင်းပြီး ဘဝရဲ့အယူအဆကို
ဘာသာတရားက အများကြီးလွမ်းမိုးခဲ့တယ်။
တရားဟာ ဟောသူ
ပေါ်မူတည်ပြီး စကားလုံးကျန်ခဲ့ရင်
ကျန်ခဲ့သလို ပြဿနာဖြစ်သွားနိုင်တယ်လို့မြင်တယ်။
ကျွန်တော်တို့ culture မှာ
ဘဝဆိုတာ ဒုက္ခလို့အလွယ်တကူပြောကြတယ်။
ဒီ generalization က ကျွန်တော်ဘဝကိုမြင်တဲ့
လောကမျက်မှန်အပေါ်
အများကြီးသက်ရောက်မှုရှိတယ်။
သိဒ္ဓတ္ထမင်းသားကို
စင်္ကြာဝတေးမင်းဖြစ်ရင်ဖြစ် မဖြစ်ရင်
ဥာဏ်ပညာအလင်းရတဲ့ ဗုဒ္ဓဖြစ်မယ်လို့
ဟောတဲ့အခါ ခမည်းတော်
သုဒ္ဓေါဒနမင်းကြီး အခြေအရံတွေနဲ့
လုမ္ဗိနီ၊ သက္ကတိုင်း
အမြဲပျော်နေအောင် ထားတယ်။
၂၉ နှစ်ရောက်မှ နန်းတော်အပြင်ထွက်
လည်ပတ်ရာမှာ
လူအို၊ လူနာ၊ လူသေ၊ ရဟန်း
နမိတ်ကြီးလေးပါး ကိုမြင်ခဲ့တယ်။
ဒီမှာ ဒုက္ခဆိုတာ “အမှန်တကယ်” ရှိတယ်လို့
သိမြင်လာခဲ့တယ်။
ပထမသုံးခုက ဒုက္ခဖြစ်ပြီး
သစ္စာလေးပါးမှာ
ဒုက္ခသစ္စာရဲ့အခြေခံဖြစ်တယ်။
ဗုဒ္ဓဘာသာရဲ့ အခြေခံက သစ္စာလေးပါးနဲ့
မဂ္ဂင်ရှစ်ပါးဖြစ်တယ်ဆိုမမှားဘူး။
သစ္စာလေးပါးမှာ ဒုက္ခသစ္စာရဲ့အဓိပ္ပာယ်က
ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည်
“အမှန်တကယ်” ရှိသည်ပဲဖြစ်တယ်။
ဒီအမှန်တကယ်ကျန်ခဲ့တော့
ဘဝဆိုတာ 100% ဒုက္ခလို့မြင်ပြီး
အမှောင်တွေကြားမှာပဲ
စိတ်ညစ်စရာတွေပဲလို့
အရာရာကို ချုံကြည့်စဉ်းစားလာရာက
စာတွေဖတ်လေ့လာကြည့်တယ်။
တစ်ချိန်ကျတော့ 22 Jan 2022 မှာ
ပျံလွန်တော်မူသွားခဲ့တဲ့ ဆရာတော်
Has Thich Nhat Hanh ရဲ့
စာအုပ်တစ်အုပ်ဖြစ်တဲ့
The heart of Buddha’s Teaching ထဲမှာ
Breakthrough ဖြစ်သွားတယ်။
ဘဝမှာ ဒုက္ခဆိုတာ “အမှန်တကယ်” ရှိတယ်။
ဘဝဆိုတာ 100% ဒုက္ခမဟုတ်ဘူး။
ဒါလေးကို နှလုံးသွင်း ဒုက္ခကိုကျော်လွားဖို့
မဂ္ဂင်ရှစ်ပါးရှိတယ်။
ဒါကတော့ သာမာန်နေ့စဉ်
Buddhism နဲ့ ကြီးလာသူတစ်ယောက်ရဲ့
စဉ်းစားမိတာဖြစ်ပြီး
တချို့လူတွေလဲ ဒီစကားလုံး
ကျန်ခဲ့ပြီး ကျွန်တော်ဖြစ်ခဲ့သလို
မဖြစ်ရအောင် တချို့အရာတွေကို
ပြန်လည်ဆန်းစစ်ဖို့လိုတယ်။
Phyo Paing @ Derek