ဘဝပင်လယ်ထဲဖြတ်သန်းတဲ့အခါ
လိုချင်တာတွေ၊ ဒုက္ခတွေကိုကျော်လွှားဖို့
သံဝေဂတရား လက်ကိုင်ထားဖို့လိုတယ်။
သံဝေဂတရားကို အင်္ဂလိပ်လို
Saṃvega လို့ဆိုတယ်။
သံသရာက လွတ်မြောက်ဖို့
အထူးအံ့အားသင့်မှု။
ဘဝဆိုတာ ဒုက်ခဆိုတာ
သဘောပေါက်မှုဖြစ်တယ်လို့ဆိုတယ်။
သံဝေဂတရား ရှစ်ပါးရှိပြီး ဒီ ၈ ခုကတော့
၁။ လှပနုနယ်သောရူပါရုံရှိသော်လည်း
နောက်ဆုံးတွင်အိုကြမည်။
၂။ စည်းစိမ်ကြီးကျယ်နေသော်လည်း
နောက်ဆုံးတွင်ပျက်စီးရမည်။
၃။ ချစ်ခင်စွာပေါင်းသင်းနေကြရသော်လည်း
နောက်ဆုံးတွင်ကွဲပြားကွေကွင်းရမည်။
၄။ အသက်ရှင်နေကြရသော်လည်း
နောက်ဆုံးတွင်သေကြရမည်။
၅။ မာန်မာနတက်ကြွနေသော်လည်း
နောက်ဆုံးတွင်အောက်ကျကြရမည်။
၆။ ချစ်ခင်နေကြသော်လည်း
နောက်ဆုံးတွင်သောကဖြစ်ကြရမည်။
၇။ ချီးမွမ်းခြင်းခံကြရသော်လည်း
နောက်ဆုံးတွင်ရှံ့ချခံကြရမည်။
၈။ ချမ်းသာကြသော်လည်း
ဒုက္ခနောက်ဆုံးဖြစ်ကြရမည်။
လောလောပြီး ကနေရတဲ့
လောကထဲမှာ ထင်ထားသလိုမဖြစ်လာခဲ့ရင်
သံဝေဂတရား လက်ကိုင်ထားတာကတော့
ဘဝပင်လယ်ထဲက မုန်တိုင်အတွက်
ကောင်းတဲ့ အကာအကွယ်ကောင်းတစ်ခုဖြစ်နိုင်တယ်။
Phyo Paing @ Derek