ဟိုဟာလဲ လုပ်ချင်၊
ဒီဟာလဲ လုပ်ချင်
ကိုယ့်ကိုယ်ကို အားမရဖြစ်တာ
“စိတ်မရှည်” လို့။
ဘဝမှာ “စိတ်ရှည်” ဖို့
အရမ်းအရေးကြီးတယ်။
စိတ်ရှည်တယ်ဆိုတာ
ဘာမလုပ်ပဲ ဒီအတိုင်းထိုင်
စောင့်တာမဟုတ်ဘူး။
စိတ်ရှည်တယ်ဆိုတာ
လုပ်ရပ်တွေ နှေးနေတာကိုခေါ်တာမဟုတ်ဘူး။
စိတ်ရှည်တယ်ဆိုတာ
တခြားသူတွေ အကောင်အထည်
ဖော်ပေးမည့်အရာတွေကို
ထိုင်ပြီးမျှော်လင့်နေတာ မဟုတ်ဘူး။
စိတ်ရှည်တယ်ဆိုတာ
ကိုယ်အကောင်အထည်ဖော်ချင်တဲ့
အိမ်မက်ဖြစ်လာဖို့
ဘယ်အချိန်မှာ ဘာလုပ်မယ်
စီမံကိန်းချပြီး
တစ်ခုချင်း စိတ်ရှည်ရှည်နဲ့
အကောင်အထည်ဖော်တာ။
ကိုယ်က တစ်လ၊ တစ်နှစ်နဲ့တွက်ရင်
လုပ်စရာတွေ အများကြီး
အလုပ်တွေ မပြီးတော့
ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်နိုင်တယ်။
ငါးနှစ်၊ ဆယ်နှစ်နဲ့ စဥ်းစားကြည့်။
Phyo Paing @ Derek