တခါတလေကျရင်လဲ ဘားမှသိပ်မလုပ်ပဲ
ထိုင်နေရင်းနဲ့ကို ကံက ကောင်းနေတာမျိုး
အဲ့လို အခိုက်အတန့်တွေ လူတိုင်းကြုံဖူးလိမ့်မယ်။
ကိုယ်က ဖုန်းခေါ်ပြီးဆို ခေါ်လိုက်တဲ့
သူတိုင်းက ဖုန်းမကိုင်တာမျိုးကြုံဖူးလိမ့်မယ်။
တခါတလေလဲ ကိုယ့်ကို တစ်ယောက်ပြီး
တစ်ယောက် ဖုန်းခေါ်နေတာမျိုး။
တခါတလေ ငွေဝင်ပြီဆို
မထင်ထားတဲ့နေရာတွေက ဝင်တာမျိုး၊
တခါတလေကျရင်လဲ ထွက်ပြီဟေ့ဆို
မထင်ထားတဲ့အပေါက်က ထွက်တာမျိုး။
အရေးကြီးတာကတော့ ကံကောင်းတဲ့
အချိန်ပဲထိုင်စောင့်နေလို့မရဘူး။
ကံဆိုးတဲ့အချိန်မှာ ဒူပေဒါပေခံဖို့လိုတယ်။
ငယ်ငယ်ကဆို numerology နဲ့
အခါတော်ပေးအချိန်တွေလုပ်ပြီး
သတ်မှတ်တဲ့အချိန်မှာ သတ်မှတ်တဲ့
အရောင်ဝတ်တာပြီး ကံကောင်းအောင်
လုပ်တာတို့။
လောင်းကစားလုပ်တာ၊ Russian roulette ဆော့တာ
မျိုးစုံစမ်းသပ်ခဲ့ဖူးတယ်။
မင်းသိင်္ခခြံလဲ မော်ဘီထိ bus ကားစီး
သွားခဲ့ဖူးတယ်။
ဘုရားရဲ့တောင်ပိုင်းသွားပြီး
ဘယ်ပန်းကပ်၊ ဘာဖယောင်းတိုင်ထွန်းတာ
လုပ်ခဲ့ဖူးတယ်။
တစ်လအတွင်း ထောင်ကျမယ်ဆိုပြီး
ယတြာချေ ခိုင်းတယ်။
ပြောတဲ့ ၃၄ လမ်းက ပုဏ္ဏားကို မကျခဲ့ရင်
ခင်ဗျာ ဘာပြန်လျော်မလဲဆိုမှ
သူအတွက်မှားတာတွေ ဘာတွေဖြစ်ခဲ့ဖူးတယ်။
နောက်ပိုင်း အဲ့ဒါတွေ မလုပ်တော့ဘူး။
တချို့အရာတွေက probability ကြောင့်လား
လူတွေရဲ့ superstitious ဖြစ်တဲ့
Daniel Kahneman ပြောတဲ့ System I ကြောင့်လား
အမျိုးမျိုးဖြစ်နိုင်တယ်။
Statistics မှာတော့ ခေါင်းနဲ့ပန်းကို
အခါ ငါးရာလှည့်ရင် အချိန်တစ်ခုကျ
တန်းတူဖြစ်သွားမှာပဲ။
လူတွေရဲ့ pattern တွေကို ရှာဖွေတတ်တဲ့
ဦးနှောက်ကြောင့်မို့လဲ ဖြစ်နိုင်သလို
အမျိုးမျိုးဖြစ်နိုင်တယ်။
အရေးကြီးတာ ဘာပဲဖြစ်ဖြစ်
EPC နဲ့ ဖြတ်သန်းဖို့ပဲ။
Energetic, Passionate, Confident ရှိရှိပေါ့။
Phyo Paing @ Derek