Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝမှာ လိုချင်တာလုပ်မရတိုင်း
“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။

ဘဝမှာ လိုချင်တာလုပ်မရတိုင်း
“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။

၂၀၀၅ ဒီဇင်ဘာမှာ ဆေးကျောင်း
ပထမနှစ်စတက်တယ်။
၂၀၀၇ မှာ ဆေးရုံစသွားရတော့
ဆေးကုတဲ့အပိုင်းစိတ်မဝင်စားတာ
စသိပြီ။

နှစ်လမ်းသွားမဟာဗျူဟာက
ဆေးကျောင်းမှာ စာမေးပွဲအောင်ဖို့လဲလုပ်တယ်။
ကျောင်းပြီးရင် အသက်မွေးဝမ်းကျောင်းစဖို့
အနာဂတ်ပြဿနာအဖြေရှာတာကိုလဲစလုပ်တယ်။

သေချာတာတစ်ခုက ဘွဲ့ရပြီးရင်
နောက်အသက်မွေးပညာရပ်တစ်ခုကိုထပ်လေ့လာရမယ်။

ဒီနေ့အတွက်လဲ အကျိုးရှိမယ်။
အနာဂတ်ပြဿနာကိုလဲ ဖြေရှင်းပေးနိုင်မည့်အရာကို
လိုက်ရှာကြည့်တော့
Accelerated Learning Techniques နဲ့
Productivity ပိုင်းဖြစ်တာတွေ့ရတယ်။

ဒါနဲ့ မြန်နှုန်းမြင့်သင်ယူခြင်းဖြစ်တဲ့
မှတ်ဥာဏ်ကောင်းအောင်လုပ်ခြင်း၊
စာဖတ်မြန်အောင်လုပ်ခြင်း၊
ဦးနှောက်ကို မြန်ဆန်အောင်လုပ်ခြင်း
နည်းလမ်းတွေ နေ့တိုင်းလေ့ကျင့်ဖြစ်တယ်။
နောက် စွမ်းဆောင်ရည်မြင့်ဖို့
စိတ်ပညာပိုင်းတွေ လေ့လာဖြစ်တယ်။

ဒါကြောင့် ကျောင်းပြီးတော့
အသက်မွေးပညာပြောင်းတဲ့အခါ
အရမ်းလွယ်ကူသွားသလို
အချိန်တွေ အများကြီးချုံ့ပေးလိုက်နိုင်တယ်။

၂၀၁၃ ဂျန်နဝါရီတစ်ရက်မှာ
Roche Pharmaceuticals မှာ အလုပ်စဝင်တယ်။
တစ်နေ့ ဝန်ထမ်းလုပ်နေရာက
အလုပ်ထွက်ခဲ့သည်ရှိသော်ကိုစဥ်းစားမိတယ်။
အလုပ်ချိန်ပြင်ပမှာ MBA တက်တယ်။
ဖုန်းဆော့ဝဲလုပ်ပေးတယ်။
Part-time စာသင်တယ်။

၂၀၁၄ မတ်လမှာ ဖုန်းဆိုင်စဖွင့်ဖြစ်တယ်။
တစ်နှစ်လောက်အချိန်ပေး
ကိုယ်မပါပဲ လည်ပတ်လို့ရအောင်လုပ်တယ်။
Part-time Apex School of Management မှာ
Marketing နဲ့ Strategic Planning စာသင်တယ်။
MBA ကို သောကြာ၊ စနေ၊ တနင်္ဂနွေမှာတက်တယ်။
၂၀၂၂ မတ်လ ရှစ်နှစ်ပြည့်မှာ
မန်နေဂျာကိုပဲ ပြန်ရောင်းပေးခဲ့တယ်။

၂၀၁၅ June မှာ YEC Learning Center စတင်ပြီး
၂၀၁၆ မှာ Diploma သင်တန်းတွေဖွင့်နေရင်း
မန္တလေးမှာပဲ နေလို့မရဘူးလို့စဥ်းစားမိတယ်။
Lecture လဲပုံစံသင်ရင်း
Training ပေးတဲ့ ပုံစံလေ့လာတယ်။
၂၀၁၇ မှာ Diploma သင်တန်းတွေ
မန္တလေးမှာလဲဖွင့်နေရင်း
ရန်ကုန်မှာ Marketing 101 နဲ့
Guerrilla Marketing Plan (GMP) စဖြစ်တယ်။
နောက်ပိုင်း မန္တလေး၊ ရန်ကုန်ဖြစ်လာတယ်။

၂၀၁၉ မှာ ဒီလိုကြုံပြန်တယ်။
အလုပ်ထဲမှာ ခရီးလုံးဝသွားလို့မရဘူး။
ကိုယ်နေချင်တဲ့ဘဝက
ကြိုက်တဲ့နေရာနေပြီီး အလုပ်လုပ်ချင်တာ။
၂၀၁၉ မတ်လမှာ Toe Tet Online Learning Website ကို
WordPress နဲ့ Bluehost နဲ့ Learndash လေးသုံးစတယ်။
ဒီဂျစ်ဒယ်ပိုင်းကိုလဲ စမ်းသပ်မှုလုပ်လေ့လာသွားတယ်။
ကြားထဲမှာလဲ Product ဆောက်လိုက်
အဆင်မပြေလိုက်နဲ့ အတွေ့အကြုံတွေအများကြီးပဲ။
တဖြည်းဖြည်းနဲ့
Digital Product နဲ့ SaaS တွေရဲ့လမ်းတွေ့လာတယ်။
၂၀၂၃ လောက်မှ ကိုယ်လက်ခံလို့ရတဲ့
Digital Product စထွက်တယ်။

ဘဝမှာ ဒီနေ့ပြဿနာပဲ အဖြေရှာလို့မရဘူး။
အနာဂတ်ပြဿနာကို အဖြေကြိုရှာချင်ရင်
နှစ်လမ်းသွား Strategy ကို သုံးကြည့်ပါ။

Phyo Paing @ Derek

Share Your Idea!​