တောင်ပေါ်မြို့လေးမှာ
အပင်လေးစိုက်ပြီး အေးဆေးနေမယ်
စဥ်းစားပြီး ပြဿနာ မရှိတော့ဘူး
မထင်လိုက်နဲ့။
သူ့မှာလဲ သူ့ပြဿနာနဲ့သူရှိတာပဲ။
တရားအားထုတ်ရင်
ပြဿနာမရှိတော့ဘူးလို့ မထင်လိုက်နဲ့။
တရားအားထုတ်တဲ့အချိန်
ခန္ဓာကိုယ်အဖြစ်အပျက်ရှုရင်း
ဝေဒနာတွေကိုတွေ့ရမှာပဲ။
အဲ့တော့ ဘဝနဲ့ ပြဿနာနဲ့
ဒွန်တွဲနေတဲ့အတွက်
ပြဿနာတွေရှိနေတယ်ဆိုတာ
သာမာန်ပဲဆိုတဲ့ စိတ်ထားပြီး
ကိုယ်က ပြဿနာထက်
ပိုကြီးနေဖို့လိုတယ်။
Phyo Paing @ Derek