ပျော်ရွင်မှုအတွက် အရေးအကြီးဆုံးက
တိုးတက်မှုလို့ ယူဆတယ်။
ဘဝရဲ့ ကျန်းမာရေး၊ စီးပွါးရေး၊
လူမှုရေး၊ အလုပ်အကိုင်
ဘယ်အပိုင်းမှာမဆို
တိုးတက်နေရင် ပျော်တယ်။
ဆုတ်ယုတ်နေရင် မပျော်ဘူး။
တန့်နေရင် ပုံမှန်ပဲဖြစ်နေတတ်တယ်။
တိုးတက်မှုရှိနေဖို့
တချို့အရာတွေကို ဘဝထဲက
အပြီးထုတ်ပစ်ရတယ်။ (Eliminate)
တချို့အရာတွေကို ထပ်ခါထပ်ခါ
လုပ်စရာမလိုအောင် စီမံရတယ်။ (Automate)
တချို့အရာတွေကို ကိုယ်တိုင်လုပ်စရာမလိုပဲ
လက်လွဲသင့်ရင်လွဲရတယ်။ (Transfer)
တချို့မလုပ်ဖူးတဲ့အရာတွေကို
စမ်းသပ်လုပ်ကိုင်သင့်ရင် လုပ်ရတယ်။ (Experiment)
တချို့လုပ်နေတဲ့အရာတွေက
အပြီးရပ်လိုက်လို့မရရင်
လျော့သင့်ရင် လျော့ရတယ်။ (Reduce)
ဒါကိုတော့ အတိုကောက်
တိုးတက်မှုအတွက် EATER လို့ပေးထားတယ်။
Phyo Paing @ Derek