ဘာကြောင့်လဲဆိုတော့
ဘဝမှာ လက်ကိုင်ထားပြီး
နေ့စဉ်အမြဲ update လုပ်နေတဲ့
ဘဝနေထိုင်မှု ဥပဒေသတွေကြောင့်ပဲ။
ဒါကတော့
တစ်ခုခု ဆုံးဖြတ်ချက်ချစရာရှိရင်
လုပ်မလား၊ မလုပ်ဘူးလား။
တွေဝေမနေနဲ့။
တွေဝေနေလို့ပဲ ဆုံးဖြတ်ချက်
ပိုကောင်းလာမှာ မဟုတ်ဘူး။
စဉ်းစားနည်းစနစ်ကို အသုံးပြု
ချက်ချင်းဆုံးဖြတ်ချက်ချ။
နောက်တစ်ခုက အချိန်ကို
အလဟဿ မဖြုန်းနဲ့။
အလုပ်ကို ပိုးစိုးပက်စက်လုပ်၊
နားရင် ပိုးစိုးပက်စက်နား။
အနားယူဖို့ plan လုပ်မနေနဲ့
ပင်ပန်းတယ်ထင်ရင် နားလိုက်။
ပြန်ကောင်းရင် အလုပ်ကို
ပိုးစိုးပက်စက်ပြန်လုပ်။
ဘဝမှာ ကိုယ်တိုင်ထားတဲ့
personal rules တွေအရေးကြီးတယ်။
Phyo Paing @ Derek