ဘာလိုလိုနဲ့ ၂၀၂၃ ကုန်ဖို့
နှစ်လပဲ လိုတော့တယ်။
ပုံမှန်ထင်ထားတာထက် အဆမတန်
အချိန်ကုန်တာ ပိုမြန်တယ်။
တစ်နှစ်တစ်နှစ်ကုန်သွားတိုင်း
တချို့တွေက ရုပ်ရည်အရ
သိသိသာသာ လိုအပ်တာထက်ပို
အိုမင်းရင်ရော်လာတယ်။
တချို့တွေကလဲ ရင့်ကျက်လာတယ်။
တချို့က အရင်လိုအတွေးရှိတုန်းပဲ။
တချို့က ဥာဏ်ပညာတိုးတက်လာတယ်။
တချို့က အရင်လို လောင်နေဆဲပဲ။
တချို့က ဘဝကို အထာကျကျ
ဖြတ်သန်းနိုင်လာတယ်။
တချို့က ခါတိုင်းလို ရုန်းကန်ရတုန်း။
တချို့က ကြာလေ ဝင်ငွေတိုးပွားလေ။
တစ်နှစ်တစ်နှစ်ကုန်တိုင်းမှာ
ဥစ္စာ၊ ပညာ၊ ကုသိုလ် တစ်ခုခုတော့
တိုးပွားနေတာ ကောင်းတဲ့အလုပ်ပဲ။
Phyo Paing @ Derek