အခု Singapore မှာ ကျင်းပတဲ့ Tony Robbins ရဲ့ သင်တန်းတစ်ခုကိုတက်ရောက်နေပါတယ်။ ဒီမှာ ကိုနိုင်ဝင်းအောင်နဲ့ ပြန်ဆုံကြတယ်။ 2015 Nov မှာ Bangkok က Training တစ်ခုမှာဆုံကြရင်း ညီအစ်ကိုလိုရင်းနှီးလာခဲ့ကြတယ်။
မိဘနှစ်ပါး
ကျွန်တော့်ရဲ့ အမေဟာ မြန်မာကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး၊ အဖေကတော့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး အဖေကတော့ငယ်ကတည်းကဆုံးပါးသွားခဲ့သည်။ နှစ်ဖက်သွေးပါတဲ့ ကျွန်တော့်အနေနဲ့ စီးပွားရေးကို စိတ်ဝင်စားသလို၊ စာသင်တာကိုလည်းစိတ်ဝင်စားပါတယ်။
ပညာရေး
ကျွန်တော့်အဖေနဲ့အဒေါ်ဟာ အရင်ခေတ်က FRC ဖြစ်တဲ့အတွက် ဆေးကျောင်းတက်ဖို့အမှတ်မှီခဲ့ပေမည့် တက်ခွင့်မရခဲ့ပါဘူး။ သူတို့တက်ခွင့်မရခဲ့တဲ့ ဆေးကျောင်းကို ညီအစ်ကိုနှစ်ရောက်တက်ရောက်ခဲ့ပါတယ်။
ရင်ဆိုင်မှုများ
ဆေးကျောင်းတက်နေရင်းဖြင့် ကုန်သည်လုပ်ဖြစ်သလို 2011 မှာ mebook ဆိုတဲ့ iPad ပုံစံ tablet များကို ပြည်တွင်းသို့တင်သွင်းလာပြီး စျေးကွက်ဖြန့်တဲ့အခါ ပြဿနာစတင်ကြုံရပါတယ်။ အလုံးတစ်ရာမှာ သုံးလုံးပဲရောင်းရတာကစပါတယ်။ ကျောင်းသားတစ်ယောက်အတွက် ရှိသမျှငွေအကုန်ဟာ ဒီစီးပွားရေးလုပ်တာနဲ့ရှုံးသွားခဲ့ပါတယ်။
ကျောင်းပြီး
ကျောင်းပြီးတဲ့အခါ စီးပွားရေးလောကထဲဝင်ချင်တဲ့အတွက် UK diploma ကို ရအောင်တက်ခဲ့ပြီး နိုင်ငံတကာဆေးကုမ္ပဏီတစ်ခုမှာ ဝင်လုပ်ခဲ့ပြီး အချိန်ပိုင်းအနေနဲ့ စီးပွားရေးပညာကို ပြန်လည်သင်ကြားပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ MBA နဲ့ နိုင်ငံခြား Training အများစုသွားတက်ဖြစ်ပါတယ်။
ကိုယ်တိုင်စီးပွားရေးစတင်ခြင်း
2014 March မှာ ဝင်ငွေကောင်းတဲ့ အလုပ်ကို စွန့်ခွာပြီး ကိုယ်ပိုင်ဖုန်းဆိုင်လေးစဖွင့်ဖြစ်ပါသည်။ Business Management ကိုသင်နေတာဖြစ်တဲ့အတွက် စတင်ချိန်မှာ အခက်အခဲအများလှပေမယ့် Textbook ထဲမှာရေးထားတဲ့ စျေးကွက်ထိုးဖောက်မှုပုံစံဟာ Company အကြီးတွေအတွက်ရေးထားတာဖြစ်တဲ့အတွက် လုပ်ငန်းငယ်လေးတွေအတွက် မထိရောက်တာကိုတွေ့ရတယ်။
ရှာဖွေတွေ့ရှိခြင်း
ဒါနဲ့ နည်းလမ်းရှာတဲ့အခါ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ မားကက်တင်းနည်းစနစ်တွေကို သွားတွေ့တယ်။ ဒါကို Guerrilla Marketing ကော်ရဲလား မားကတ်တင်းလို့ခေါ်ပြီး Guerrilla ဆိုသည်မှာ ပြောက်ကျားစနစ်ဖြစ်ပါသည်။
တောင်ပံတစ်စုံ
11 June 2015 မှာ YEC Learning Center ကိုစတင်ခဲ့ပြီး 2017 နှစ်ကုန်မှာတော့ ကျောင်းသားပေါင်း ၃၅၀၀ ကျော်ကိုသင်ကြားပို့ချပေးနိုင်ခဲ့သလို၊ အင်္ဂလိပ်ဆရာမနှစ်ယောက်စတင်တဲ့ Key English ကို ၆ လအတွင်း မန္တလေးမှာ Top 3 အတွင်းပါအောင် Guerrilla Marketing ကိုအသုံးချပြီးကူညီပေးနိုင်ခဲ့တယ်။
ဆုံးဖြတ်ချက်ချခြင်း
2017 မှာတော့ ရည်မှန်းချက်ကြီးတဲ့ လူငယ်လုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ပြီး ကုန်ကျစရိတ်နည်းနည်းနဲ့ ထိရောက်တဲ့ရလဒ်တွေအတွက် GMP (Guerrilla Marketing Plan) သင်တန်းကို စဖြစ်ပါတယ်။
လူ့သဘာဝ
လူတွေရဲ့သဘာဝအရ Training ပြီးပြီးခြင်းမှာ Training effect အရ အသုံးချမှုတွေများပေမည့် အချိန် ကြာကြာအမြဲ ကျင့်သုံးဖို့ ခက်တာကိုတွေ့ရပါတယ်။ သိပြီးမလုပ်တဲ့ လူတွေများပါတယ်။ သိရုံနဲ့မရပါ။ အသုံးချမှ ရလဒ်ရပါတယ်။
GMC ဖြစ်ပေါ်လာခြင်း
2017 မှာ မြန်မာနိုင်ငံမှာ PBCA (Professional Business Coaches Alliance) ကိုယူဆောင်လာပြီး မြန်မာနိုင်ငံရဲ့ပထမဆုံး ICF Certified Coach ဖြစ်တဲ့ ကိုနိုင်ဝင်အောင်နှင့်စကားပြောဖြစ်ပါတယ်။ နောက်ပိုင်းမှာ Guerrilla Marketing Coach ကိုတည်ထွင်သူ နိုင်ငံတကာမှာ စာအုပ်ပေါင်းများစွာထုတ်ထားသည့် Mitch Meyerson နှင့်ဆက်သွယ်ဖြစ်ပြီး လုပ်ငန်းရှင်တွေကိုကူညီပေးဖို့ Guerrilla Marketing Coach Certification Program ကိုစတင်ဖြစ်ပါတယ်။
Coach ဆိုတာ ဂျိုနဲ့လား?
မဟုတ်ပါဘူး။ Coach ဆိုတာ ကျောင်းသားဘဝကသုံးတဲ့ guide နဲ့ပုံစံချင်းဆင်ပါတယ်။
ဘာ့ကြောင့် Coach လိုသလဲ?
စကားလုံးတစ်လုံးတည်းနဲ့ဖြေရမယ်ဆို Consistency ပါ။
မြန်မာလိုဆိုရင်တော့ ဆယ်တန်းမှာ guide ခေါ်သလိုပါ။
လူတွေဟာ သိတာနဲ့ လုပ်တာမတူပါဘူး။
သိပြီး မလုပ်တဲ့ ပညာတတ်တွေအများကြီးပါ။
C. Ronaldo ပုံမှန် Training ဆင်းဖို့ Coach နည်းပြလိုပါတယ်။ Coaching ဆိုတာ လူတွေရဲ့ အပြုအမူကို အပြောင်းအလဲမှာ သုံးပါတယ်။ Consultation အကြံပေးနဲ့မတူပါဘူး။
(C.Ronaldo နည်းပြဟာ C.Ronaldo လောက်မတော်ပါဘူး။ ဒါပေမယ့် သူ့ကိုဘေးလူအမြင်နဲ့ကြည့်ပြီးကူညီပေးတဲ့အတွက် World Class Footballer ဖြစ်လာပါတယ်။)
Design Your Destiny (DYD)
Phyo Paing @ Derek