ဘဝမှာ အချစ်သီချင်းတွေ
အဓိပ္ပာယ်မရှိတဲ့အချိန်ရှိခဲ့ဖူးတယ်။
ငါအသက်ကြီးသွားပြီလို့ ခံစားခဲ့ရဖူးတယ်။
လူတွေကိုပြင်လို့မရတော့တဲ့အတွက်
ဘဝကို ရေစုန်မြော
စားချင်ရာစားပြီး
ဖက်တီးကြီးဖြစ်ခဲ့ဖူးတယ်။
ပိုင်ဆိုင်တာတွေအကုန်စွန့်လွတ်
ဘဝကို အသစ်ပြန်စဖူးတယ်။
အရာရာထားခဲ့ပြီး နိုင်ငံခြားကို အပြီးဒိုးဖို့လဲ
အကြိမ်ကြိမ်စဉ်းစားခဲ့ဖူးတယ်။
ဘဝမှာ ကိုယ့်ကိုအရမ်းချစ်တဲ့သူတွေ့ဖူးသလို
ကိုယ်အချစ်ဆုံးသူလဲကြုံဖူးတယ်။
ကိုယ့်ကိုချစ်သလိုလိုနဲ့
အမြတ်ထုတ်ဖို့ပဲသိတဲ့သူနဲ့လဲကြုံဖူးတယ်။
တဖြည်းဖြည်းနားလည်လာတာ
အဆင်ပြေရင် ရှေ့ဆက်။
အဆင်မပြေရင် ၇ ကြိမ်အတ္တတွေဘေးဖယ်ပြီးပြင်ကြည့်။
မရရင် ထားခဲ့လိုက်တော့။
ဘူကောင်တွေကိုထားခဲ့ပြီးကတည်းက
အခုတော့ ဘဝကြီးက ပိုပိုမိုက်လာတယ်။
Phyo Paing @ Derek