လူငယ်တွေအတွက်
ဆင်းရဲမှုတိုက်ဖျက်ပြီး
ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်ဖို့
အချက် ၅ ချက်
၁။ ဖုန်းကို အကောင်းဆုံး
အသုံးပြုဖို့လိုတယ်။
၂။ အင်္ဂလိပ်စာကို မဖြစ်မနေ
လေ့လာဖို့လိုတယ်။
အကောင်းဆုံးလေ့လာနည်းက
ကိုးတန်းနဲ့ ဆယ်တန်း အင်္ဂလိပ်စာ
ကျောင်းစာအုပ်က နေစတင်လေ့လာကြည့်ပါ။
၃။ အခမဲ့လေ့လာလို့ရတဲ့ နေရာတွေကိုသိထားပါ။
ဥပမာ khanacademy တို့၊
Youtube မှာ တန်ဖိုးရှိတဲ့ channel တွေ၊
နောက် Duolingo မှာဆို
ဘာသာစကားတွေ အခမဲ့လေ့လာလို့ရတယ်။
Google Prime မှာဆို မားကတ်တင်းလေ့လာလို့ရတယ်။
၄။ ပိုက်ဆံလေးစုမိရင် laptop ဝယ်ပါ။
ဒီကတဆင့် အလွတ်တန်းသမား
အနေနဲ့ လုပ်လို့ရနိုင်တဲ့ အလုပ်တွေကို လုပ်ပါ။
ဒီနေ့ခေတ်မှာ Social Media Page ကိုင်ပေးတာ၊
ဗီဒီယိုတီးဖြတ် လုပ်လို့ရတာအများကြီးရှိပါတယ်။
၅။ အချိန်လုံးဝမဖြုန်းပါနဲ့။
အညီအဟောက်တွေနဲ့ အတင်းအဖျင်းတွေ
ကိုယ့်ဘဝကို အလွမ်းမိုးမခံပါနဲ့။
ကိုယ်တိုင်ရဲ့ ရည်မှန်းချက်ပန်းတိုင်းကို
ရှင်းရှင်းလင်းလင်းသိပါ။
လဲကျရင် ပြန်ထပါ။
တခြားသူတွေရဲ့ အထင်အမြင်ကြောင့်
ကိုယ်သွားမည့်အိမ်မက်တွေကို
မစွန့်လွတ်လိုက်ပါနဲ့။
ကိုးတန်းမှ အင်္ဂလိပ်စာကို သေချာလေ့လာဖြစ်တယ်။
အဲ့တုန်းက The Wheel တို့၊ The Brave
Fatherless Child တို့ ခေတ်။
ဆယ်တန်းဆို The Calendar တို့၊
Too Much Knowledge Maketh Us Fool တို့ခေတ်။
ဘာလို့မှတ်မိနေလဲဆို
အဲ့မတိုင်ခင်က ဘာစာမှ ဟုတ်တိပတ်တိမလုပ်ခဲ့လို့။
ဆယ်တန်းပြီးတော့ အင်္ဂလိပ်လိုလေး
နည်းနည်းဖတ်လို့ရလာတယ်။
နောက်အဲ့ခေတ်က ဖုန်းက စျေးကြီးတော့
ကွန်ပြူတာ အရင်ဝယ်တယ်။
Active Media တို့လိုနေရာက
CD ခွေတွေဝယ်တယ်။
အဲ့ခေတ်က Lynda (အခု Linkedin Learning) တို့၊
နောက် iTunesU (iTunes University) က
သင်တန်းစာတွေကို တစ်ခွေ တစ်ထောင်နဲ့ဝယ်ပြီးကြည့်လို့ရတယ်။
ဟိုးအရင်ခေတ်ဆို Youtube ကြည့်ရဖို့
vtunnel တို့လို website တွေနဲ့
VPN ကျော်ရတယ်။
တော်တော်လေးခက်ခဲတော့
ခွေဝယ်ပြီးပဲ လေ့လာရတယ်။
အခုခေတ်က တော်တော်လေးကောင်းသွားပြီ။
GenZ တွေဆိုလဲ အရင်မျိုးဆက်တွေထက်
လေ့လာတာ အများကြီးအားကောင်းသွားပြီ။
အရင်ခေတ်ကတော့ ဖုန်းဆော့ဝဲပြင်တာတို့လုပ်ပြီး
ဆေးကုမ္ပဏီ အလုပ်အပြင်
အလွတ်တန်းသမားလုပ်တယ်။
အေဘီအီး ယူကေ ဒီပလိုမာအတွက်
အချိန်ပိုင်းစာပြန်သင်ပြီး ရုန်းကန်ရတယ်။
RC2 မှာ လူသားအရင်းအမြစ်စီမံခန့်ခွဲမှု
သင်တန်းသွားတက်တော့
ဘတ်စကားပေါ်ကနေ စဥ်းစားမိတယ်။
မြန်မာနိုင်ငံရဲ့ Social Mobility လို့ခေါ်တဲ့
လူမှုအဆင့်အတန်း တစ်နေရာကတစ်နေရာကူးဖို့
တော်တော် မလွယ်ကူပါလားလို့။
ငှက်တစ်ကောင်က သူ့ရဲ့ယုံကြည်မှုကို
သစ်ပင်ရဲ့ သစ်ကိုင်မှာထားတာထက်
သူ့အတောင်ပံပေါ်ထားရင် ပိုကောင်းတယ်ဆိုတာ
ကြားဖူးလိမ့်မယ်။
ကျွန်တော်တို့ရဲ့ ယုံကြည်မှုကလဲ
နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၊
ဘွဲ့တစ်ခုအစား ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်း
အတတ်ပညာ ကျွမ်းကျင်မှုအပေါ်ထားဖို့လိုတယ်လို့မြင်တယ်။
Phyo Paing @ Derek