Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မနိုင်နိုင်တဲ့ ပြိုင်ပွဲတစ်ခုကို မပြိုင်နဲ့။

Jack Welch ပြောသလို
If you don’t have a competitive advantage,
don’t compete.”

မားကတ်တင်းမှာ အရေးအကြီးဆုံး
စကားလုံးတစ်လုံးက category ပဲဖြစ်တယ်။

အချိုရည်လို့ ပြောလိုက်ရင်
Coca Cola ကို မြင်လိမ့်မယ်။
အားဖြည့်အချိုရည်ဆို
Red Bull
ပြည်တွင်းမှာဆို Shark ကို
မြင်လိမ့်မယ်။
သီးစုံဓာတ်ဆားဆို
Royal D

ဒါဘာလို့ခေါ်လဲဆို
King of Category လို့ခေါ်တယ်။

Marketing မှာအောင်မြင်ချင်တယ်ဆို
Category တစ်ခုမှာ King ဖြစ်ဖို့လိုတယ်။

မန္တလေးမှာ အကင်ဆိုင်ဆို
ဘိုးတော်၊
ဂျပန်အကင်ဆိုင်ဆို?
ကိုးရီးယားအကင်ဆိုင်ဆို?
မရှိသေးရင်
အဲ့မှာ Category အသစ်
တည်ဆောက်လို့ရတယ်။

Fashion မှာဆိုလဲအလားတူပဲ။
Plus Size fashion
Teenage Fashion
အစရှိသည် တည်ဆောက်လို့ရတယ်။

ပြန်ချုပ်ရရင်
ပြိုင်ပြီဆိုကတည်းက နိုင်ဖို့အရေးကြီးတယ်။
နိုင်ဖို့အတွက် ကိုယ်ပြိုင်မည့်
Game ကို ရွေးရတယ်။
Rules ကို သတ်မှတ်ရတယ်။
ဒီလိုလုပ်ဖို့ ကိုယ်ပြိုင်မည့်
category ကို သတ်မှတ်ရတယ်။

လူအများစုရဲ့ ပြဿနာက
category တစ်ခုတည်းကို
အာရုံစိုက်ပြီးလုပ်လိုက်တဲ့အခါ
မလုပ်လိုက်တဲ့အရာတွေက
ရမည့် အမြတ်ငွေတွေမရတော့မှာ
စိုးရိမ်တာပဲ။

အဲ့လိုဖြစ်တိုင်းပြန်မေးရမှာ
နယ်ပယ်တိုင်းကို အခြေဆန့်ဖို့
ကိုယ်အနိုင်ရထားပြီးတဲ့
category ရှိထားပြီလား။
မရှိသေးရင်တော့
ကိုယ်အုပ်စိုးမည့် category
သတ်မှတ်ဖို့လိုလာပြီ။

Phyo Paing @ Derek

Share Your Idea!​