ဆယ်တန်းတုန်းက စာမေးပွဲက
တစ်လလောက်ပဲလိုတော့တယ်။
စာတွေကလဲ မရသေးဘူး။
ဂုဏ်ထူးကလဲ ထွက်ချင်တယ်။
ပထမဆုံးလုပ်ရတာက
ဘာတွေကို အဓိကထားလုပ်မလဲ။
Circle အခန်း ၈ ထိလေ့လာတယ်။
သူ့နောက် အခန်း ၁၂ differentiation ထိက
တစ်မှတ်တန် Learner’s Choice ပဲကြည့်တယ်။
နောက် Bio ကို အခန်းငါးလားမသိဘူး
ယုန်အခန်းကပဲ စကြည့်တယ်။
သူ့အရှေ့ အပင်အကြောင်းတွေက
နည်းနည်းလောက်ပဲကြည့်တယ်။
ဒီလိုပဲ အမှတ်ပေးစည်းမျဥ်းသိတဲ့အခါ
အရာရာလွယ်ကူသွားတယ်။
ဘဝမှာ ကိုယ်လိုချင်တဲ့ရလဒ်ရဖို့
အရေးကြီးတာတွေကို သိဖို့လိုတယ်။
အရေးမပါတဲ့ အရာတွေကို
အရာပေးနေလို့မရဘူး။
မဟာဗျူဟာချမှတ်တဲ့အခါလဲ
စဥ်းစားပုံ အရေးကြီးတယ်။
နှစ်ထောင်ပေါင်းများစွာကတည်းက
အသုံးချတဲ့ Aristotle တို့စဥ်းစားတဲ့
First Principle Thinking ကို
အဓိက စဥ်းစားကြည့်တယ်။
Content Marketing လုပ်ဖို့အတွက်
idea တွေစဥ်းစားရမယ်။
စာတွေရေး၊ video တွေဖန်တီး၊
Content calendar လုပ်
ဒါတွေ အကုန်လုံးလုပ်စရာမလိုပဲ
အဓိက အကျဆုံးတစ်ခုကဘာလဲ။
စီးပွားရေးလုပ်တဲ့အခါလဲ
ကျန်တဲ့ အပိုင်းတွေ အကုန်ဖြုတ်လိုက်။
အဓိကအကျဆုံးတစ်ခုဆို ဘာဖြစ်မလဲ။
The One Thing လို့ပြောလဲရတယ်။
မဟာဗျူဟာချမှတ်တဲ့အခါ
First Principle Thinking တို့၊
Third Order Thinking တို့
အင်မတန်အရေးကြီးတယ်။
Phyo Paing @ Derek