မားကတ်တင်းမှာ 7P ဆိုတာရှိတယ်။
တချို့လူတွေက ကတ်တီးကတ်သပ်
49 P တွေ တွေ့သမျှ P တွေလျှောက်အော်
နေတာမျိုးလဲ တွေ့ဖူးလိမ့်မယ်။
သူတို့က ပိုသိတယ်ဆိုတာမျိုးပေါ့။
အဲ့လိုပြောနေပြီဆိုကတည်းက
သောက်တလွဲဆိုတာ နားလည်လိုက်တော့။
ဒီိနေ့ ညီငယ်၊ ညီမငယ်တို့ကို ပြောပြချင်တာ
7P လို့ခေါ်တယ်။
ဒါကို marketing mixes လို့ခေါ်သလို
ဒိုရေမီဖာ တို့လို သံစဉ်တစ်ခုဖန်တီးဖို့
ဒီ 7P က အရေးကြီးတယ်။
ဒီ 7P အသုံးပြုပြီး သီချင်းတစ်ပုဒ်
ဖန်တီးသလို ဖော်ပြတာကို
positioning လို့ခေါ်တယ်။
7 P ဆိုတာကတော့
Product ကုန်ပစ္စည်း၊ ဝန်ဆောင်မှု
(သူ့ရဲ့ ဒီဇိုင်း၊ ကာလာ၊ ဘာညာ၊
အနေအထားအကုန်ပါတယ်။)
Price စျေးနှုန်း
Place ဖြန့်ချီမှုပုံစံ
Promotion စျေးကွက်ကို အသိပေးတဲ့ပုံစံ
People လူ၊ ဝန်ထမ်း
Process ဝန်ဆောင်မှုပေးတဲ့ဖြစ်စဉ်
Physical evidence အဆောင်အယောင်
ဒါကို ပြောတာဖြစ်တယ်။
ဖောက်သည်ဖက်ကတော့
ဒါကို မြင်တဲ့အမြင်ကို
7 C နဲ့ ဖော်ပြလို့ရသေးတယ်။
Customer Value
Cost
Convenience
Communication
Consideration
Co-ordination
Conformation လို့ခေါ်တယ်။
#GMC