Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မော်တီဗေးရှင်းဆိုတာ ဘာလဲ။

သတ်မှတ်လုပ်ရပ်တစ်ခုကို လုပ်ဆောင်ဖို့
ကြောင်းရင်းခိုင်မာ ရှင်းရှင်းလင်းလင်းသိသွားတာ။

အစားမျှတအောင်စားရမယ်မှန်းတော့သိတယ်။
တဖြဲနှစ်ဖြဲစားတာ မလျော့နိုင်ဘူး။
လေ့ကျင့်ခန်းလုပ်ရမယ်မှန်းတော့သိတယ်။
လေ့ကျင့်ခန်းလုပ်တဲ့ ပျင်းတဲ့စိတ်ကိုမကျော်နိုင်ဘူး။
ကိုယ်နဲ့သတ်ဆိုင်ရာနယ်ပယ်အတွက်
စာဖတ်ရမယ်၊ လေ့လာရမယ်မှန်းသိတယ်။
ကိုယ့်စိတ်ကို မနိုင်ဘူး။

ဒါက မော်တီဗေးရှင်းမရှိတဲ့ဥပမာပဲ။

တချို့လူတွေက motivation ဆိုတဲ့အရာရဖို့
motivational speaker ဟောပြောသူတွေပြောတာ
သွားနားထောင်တယ်။
တချို့က video တွေကြည့်ပြီးအားယူတယ်။
တချို့က စာတိုတွေဖတ်ပြီးအားယူတယ်။

ဒါတွေက တခဏတွေပဲ။

အကောင်းဆုံး မော်တီဗေးရှင်ဆိုတာ
mechanics လူတွေစိတ်ဘယ်လိုအလုပ်လုပ်တယ်
ဒါကို သိဖို့ပဲ။
ဒါကို သိမှ ကိုယ့်ကိုကိုယ်
လိုသလို ခိုင်းစေလို့ရမှာ။

ကိုယ့်ကိုကိုယ် ဘယ်လိုခိုင်းစေရမလဲဆိုတာ
ကျောင်းမှာ မသင်ပေးခဲ့ဘူး။
ဒီတော့ လေ့လာရတယ်။

အမူအကျင့်တစ်ခု ဘယ်လိုဖြစ်တယ်။
အချိန်ဘယ်လောက်လိုတယ်။
လူတွေအတွက် တွန်းအားဘယ်လိုယူတယ်။
ဆွဲအားဘယ်လိုယူတယ်။

နောက်ကိုယ့်ကိုကိုယ် ပြန်လေ့လာရတယ်။
ကိုယ်ဘယ်အချိန်ဆို မော်တီတက်ပြီး၊
ဘယ်အချိန်ကျတယ်။

ဘယ်လိုလူတွေနဲ့တွေ့ရင် တိုးတက်ပြီး
ဘယ်လိုလူတွေနဲ့ တွေ့ရင်ဘူတယ်။

မော်တီဗေးရှင်းရဖို့
မကန်းနစ် mechanics ကိုလေ့လာဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​