အောင်မြင်ဖို့အတွက်
မော်တီဗေးရှင်းလိုတာမဟုတ်ဘူး။
အောင်မြင်မှုက
မော်တီဗေးရှင်းပဲ။
ချမ်းသာတဲ့သူတွေက ပိုချမ်းသာတယ်။
တော်တဲ့သူတွေက ပိုတော်တယ်။
ခန္ဓာကိုယ်လှပသူတွေကို
ပိုလှပအောင်အားထုတ်ကြတယ်။
ဘာကြောင့်လဲ။
အောင်မြင်မှုက အကြီးမားဆုံး
မော်တီဗေးရှင်းတစ်ခုပဲ။
ကိုယ့်ဘဝရဲ့ ရခဲ့တဲ့
အောင်မြင်မှုတွေကို
နေ့တိုင်းပြန်စဥ်းစား
ဂုဏ်ယူ ခံစားကြည့်။
မရှိသေးရင် ပထမဆုံး
တစ်ခု၊ နှစ်ခုရအောင်
အရင်ကြိုးစားကြည့်။
ဆယ်တန်းအောင်တာ
ကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။
မိဘတွေကို ကန်တော့နိုင်တာ
ကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တာ
ကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။
လုပ်ငန်းကို အောင်မြင်စွာစတင်နိုင်တာ
ကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။
ကိုးဗစ်တွေနဲ့ မျိုးစုံကြိုးခုံနေတဲ့ကြား
ဒီနေ့ဒီအချိန်ထိ အိန္ဒြေမပျက်ရပ်တည်နေနိုင်တာ
ကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။
အောင်မြင်မှုက
အကြီးမားဆုံး မော်တီဗေးရှင်းပဲ။
Phyo Paing @ Derek