Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မေးခွန်းသုံးခုကိုမေးကြည့်ပါ။

ကိုယ်မပါပဲ လည်ပတ်တဲ့ စီးပွားရေးတစ်ခုကိုတည်ဆောက်ဖို့

Personal development
Professional development
Business development
တစ်ဆင့်ချင်းသွားပါတယ်။

ဒါကြောင့် Personal Development မှာ
စိတ်ခံစားမှုကို ကောင်းကောင်းကိုင်တွယ်နိုင်ဖို့အရေးကြီးပါတယ်။

လုပ်ငန်းတစ်ခုအောင်မြင်တိုးတက်ပြီး လူတွေ၊ စနစ်တွေနဲ့ လည်ပတ်နိုင်ဖို့ လုပ်ငန်းကိုဖန်တီးသူ၊ ဦးဆောင်သူအနေနဲ့ စွမ်းဆောင်ရည်တိုးတက်ဖို့လိုပါတယ်။စိတ်ခံစားမှုဟာ စွမ်းဆောင်ရည်ကို များစွာလွှမ်းမိုးမှုရှိပါတယ်။ သေချာ လေ့ကျင့်မှု မလုပ်ထားရင် စိတ်ညစ်နေတဲ့အချိန် အလုပ်မလုပ်ချင်မကိုင်ချင်ဖြစ်တတ်ပါတယ်။ ဒီနေ့ခေတ်က စိတ်ဓာတ်ခလုတ်တိုက်များမျိုး မကြာမကြာကြုံရနိုင်ပါတယ်။

လူတွေကို စိတ်ဓာတ်ကျစေတဲ့ အချက်အချို့ကတော့
၁။ တခြားသူတွေကိုယ့်ကို ဘယ်ထင်နေမလဲ တွေးကြောက်တာ။
၂။ စိတ်နဲ့ ခံစားလွယ်ပြီး ဆုံးဖြတ်ချက်ကို မြန်မြန်ချတာ။
၃။ တခြားသူတွေအပေါ် မျှော်လင့်ချက်အများကြီးထားထားပြီး နာကျင်ရတာ အစရှိတာတွေဖြစ်ပါတယ်။

စိတ်မညစ်ချင်ရင်၊ စိတ်ဓာတ်အမြဲတက်ကြွပြီး ဦးဆောင်မှုပြုလုပ်ချင်ရင် မေးခွန်းကောင်းကောင်းမေးတတ်ဖို့အရေးကြီးပါတယ်။

ပြဿနာ တစ်ခုကြုံလာတိုင်း ငါဘာလို့ အမှားလုပ်မိပြန်တာလဲ။ ကိုယ့်ကိုကိုယ်အပြစ်တင်မည့်အစား
၁။ ဒီလို ဖြစ်သွားတဲ့အတွက် ဘာတွေများပိုကောင်းတာတွေဖြစ်နိုင်သလဲ၊
၂။ ဒီကနေ ငါဘာသင်ခန်းစာတွေရသလဲ။
၃။ နောက်တစ်ခေါက် ဒီလို ပြဿနာ ကြုံခဲ့ရင် ဘယ်လိုပုံစံမျိုးနဲ့မတူအောင် လုပ်ဆောင်မလဲ။

ဒီမေးခွန်းသုံးခုကိုမေးကြည့်ပါ။

Akyanpay
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်ပါ။
#akyanpay

Share Your Idea!​