Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မြန်မာစကားတချို့က
လူမှုဘဝဖြတ်သန်းမှုမှာ
တော်တော်ဒုက္ခပေးတယ်။

လူတွေရဲ့ သဘောတရားအရ
တခြားသူတွေထက် သာနေမှ
ပျော်တတ်တဲ့ ခံစားချက်
superiority ရှိကြတယ်။
ဒါက အော်စတိယျ စိတ်ပညာရှင်
Individual Psychology ကိုဖန်တီးခဲ့တဲ့
ဒေါက်တာ အဲလ်ဖက်အဒလာ
Dr. Alfred Adler က ဆိုတယ်။

ကိုယ့်အဆောက်အဦးကို အမြင့်ဆုံးဖြစ်အောင်
ဘေးကတိုက်တွေကို ဖြိုချဖို့
ကြိုးစားတတ်တဲ့ သဘောတွေရှိတတ်ကြတယ်။

ဒီကောင်ကြည့်နေ။
ဘယ်တော့ ပြုတ်ကျမလဲမသိဘူး။

ဒီကောင်အလကားပါကွာ။
ဘာများဖြစ်မှာမို့လို့လဲ။

သီအိုရီပဲသိတာတို့။

ဒီအဖျက်တွေ negativity တွေ၊
ဘူကောင်တွေရန်က အရင်ကျော်ရတယ်။

လီကာရှင်းပြောခဲ့သလို
လူတွေက သူတို့ထက်နည်းနည်းကျော်ရင်
ကိုယ့်ကို မနာလိုဖြစ်ကြမယ်။
အပုံကြီးသာသွားရင်
အားကျကြလိမ့်မယ်တဲ့။

Phyo Paing @ Derek

Share Your Idea!​