မြန်မာပြည်မှာ လူဦးရေသန်းငါးဆယ်ရှိတယ်။
ဗမာစကားအသုံးများတဲ့အတွက်
ဒါက ပြင်ပ ပြိုင်ဆိုင်မှုတွေအတွက်
အကြီးဆုံး အတားအဆီးတစ်ခုအနေနဲ့ရှိတယ်။
ဥပမာ စလုံးဆိုရင် တစ်ကမ္ဘာလုံးနဲ့
ပြိုင်ဆိုင်ရပြီ။
အကုန်လုံးက အင်္ဂလိပ်လိုရတယ်။
မိဘအများစုက ကလေးကို
အင်္ဂလိပ်လို ပြောတတ်ရင် ဂုဏ်ယူကြတယ်။
မြန်မာပြည်မှာနေရင် အရေးကြီးတဲ့
competitive advantage က
အနာဂတ်ကလေးတွေအတွက်
အင်္ဂလိပ်စာမဟုတ်ဘူး။
မြန်မာစာဖြစ်မယ်။
သန်းငါးဆယ်ရှိတဲ့ စျေးကွက်မှာ
ပြိုင်ဆိုင်မှုနည်းပြီး
ကိုယ့်လူမျိုးအကြောင်းသိထားတာဟာ
ဘာနဲ့မှ လဲလို့မရတဲ့ အားသာချက်ပဲ။
Indonesia မှာဆိုရင်
Home schooling နဲ့ကြီးလာတဲ့
ကလေးတွေရှိတယ်။
ဥပမာ Rich Brian လိုမျိုးကလေး။
88rising ကနေ စင်ပေါ်တင်ပေးပြီး
ကမ္ဘာ့ကျော်လာတယ်။
ဒီဖက်ကိုသွားတာက လူနည်းစုဖြစ်မယ်။
ဒါပေမယ့် ပြုတ်ကျရင်တောင်
ကြောင်ကျကျဖို့ ပြေးမလွတ်တဲ့စျေးကွက်က
ကိုယ်အသက်ကြီးလာတဲ့ စျေးကွက်ဖြစ်တဲ့အတွက်
ကိုယ့်လူမျိုး ဘာသာစကားက
အရေးကြီးနေအုံးမှာပဲ။
Phyo Paing @ Derek