ကယ်တင်ရှင်ကြီးမလုပ်ချင်နဲ့။
လူတိုင်း သူ့ဘဝသူ ကယ်တင်နိုင်တဲ့
အသိဥာဏ်ရှိတယ်ဆိုတာ နားလည်ထားဖို့လိုတယ်။ (Savior)
မြန်မာပြည်မှာ ကယ်တင်ရှင်ရောဂါရှိကြတယ်။
ဘယ်ကလာလဲဆိုရင် စိတ်ပညာမှာ
Superiority လို့ခေါ်တဲ့ ငါပိုမြင့်မြတ်တယ်ဆိုတဲ့
စိတ်ကနေလာတယ်။
ဒီလို ကယ်တင်ချင်တဲ့အခါ
အကြံတွေ ပေးကြတယ်။
တခြားသူရဲ့ဘဝကို သေချာမသိပဲ
ကိုယ့်စိတ်ထဲကဖြစ်စေချင်တဲ့အတိုင်း
အကြံတွေပေးကြတယ်။
“သနားပါတယ်။” ဒါနဲ့လာတယ်။
“ငါကစေတနာနဲ့ပြောတာ။” ဒါနဲ့လာတယ်။
နောက်အလှူအတန်းလုပ်တဲ့အခါ
poverty porn တွေလုပ်ကြတယ်။
ဆင်းရဲတာကို အမြတ်ထုတ်မျက်ရည်ချူပြီး
လူထုအချစ်ခံယူဖို့ ကြိုးစားကြတယ်။
အမှန်တော့ ဒါဟာ ငါပိုမြတ်မြတ်တယ်ဆိုတဲ့
Superiority လုပ်ချင်တဲ့ စိတ်ကလာတယ်လို့
Adlerian Psychology က ဆိုတယ်။
Phyo Oaing @ Derek