မြန်မာပြည်မှာ SME လုပ်တယ်ဆိုတာ
မြက်စားနေရသလိုပဲ။
တကယ်တမ်း တစ်လ သိန်း ၁၀၀ အထက်
အသားတင်ကျန်တယ်ဆိုတာ
ရာခိုင်နှုန်းအရ တော်တော်နည်းတယ်။
သိန်း ၁၀၀ အထက်ကို မရောက်တဲ့
လုပ်ငန်းအသေးအများစုက
၁။ အချိန်ကောင်းကို မမှီခဲ့ဘူး။
လုပ်ငန်းတိုင်းမှာ အချိန်ကောင်းဆိုတာရှိတယ်။
ဒီ timing ဟာ လုပ်ငန်းတစ်ခုရဲ့
ကံကြမ္မာကို အကြီးအကျယ်အပြောင်းအလဲ
ဖြစ်စေတဲ့ အချိန်ပဲ။
အဲ့ဒီ timing ဟာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနဲ့
နည်းပညာ အကြီးအကျယ်ပြောင်းတိုင်း
ပြောင်းပြောင်းနေတယ်။
ဖုန်းလောကဆို 2014 July လောက်မှာပေါ့။
မန်းလေးဆိုလဲ ဝင်းဝင်းအကင်ခေတ်ကနေ
အရသာတစ်ခေတ်ပြောင်း Dad တို့၊
Hot La La တို့ခေတ်ပေါ့။
၂။ Buyers with Power မရှိဘူး။
ဘာရောင်းလဲဆိုတာထက်
ဘယ်သူ့ကို ရောင်းလဲဆိုတာ
အရမ်းအရေးကြီးတယ်။
၃။ အပြောင်းအလဲ
စျေးကွက်အမြဲပြောင်းနေတယ်။
အရင်က Friend Cafe မိန်းထဲသွားတဲ့ခေတ်။
မင်းသီဟခေတ်၊ ရွှေပြည်မိုးခေတ်။
အခုက customer တွေ taste ပြောင်းလာပြီ။
ခေတ် ရေစီးကြောင်းနဲ့လိုက်
innovate မလုပ်နိုင်ရင်လဲ ကျန်ခဲ့မယ်။
၄။ Social Media ကို အကောင်းဆုံးအသုံးမပြုနိုင်ဘူး။
ဖောက်သည်တစ်ယောက်ရဖို့ $3 ကုန်ရင်ပဲ
9000 ကျပ်ကုန်နေပြီ။
တကယ်လို့ ကိုယ်က Social Media ကို
သေချာသုံးတတ်ရင် Zero dollar နီးပါးနဲ့
ကိုယ့်လုပ်ငန်းကို grow လုပ်လို့ရတယ်။
၅။ စီးပွါးရေး စီမံခန့်ခွဲမှုကို မလေ့လာဘူး။
ရေကူးနည်းကို စနစ်တကျမလေ့လာပဲ
ရွာက ချောင်းတို့ မြစ်ဆိပ်တို့မှာ
ကူးလို့ရပေမယ့် ပြိုင်ပွဲဝင်ဖို့အတွက်ဆိုရင်
စနစ်တကျ လေ့လာဖို့လိုလာပြီ။
အလားတူပဲ ပြိုင်ဆိုင်မှုများတဲ့စျေးကွက်အတွက်
စီမံခန့်ခွဲမှု၊ မဟာဗျူဟာ၊ စာရင်း
ဒါတွေသေချာလေ့လာဖို့လိုလာတယ်။
SME တွေ MSME တွေနဲ့ ပတ်သက်လို့တွေးမိတာ
မြန်မာပြည်လုပ်ငန်းအများစုက ရှုံးလို့ပိတ်သွားတာထက်
ကြီးထွားမှုမရှိလို့ ပိတ်သွားကြတာများတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay