နှစ်ပေါင်းများစွာ စိတ်ညစ်ခဲ့ဖူးတယ်။
စိတ်ဓာတ်ကျခဲ့ဖူးတယ်။
ကိုယ့်ကိုကိုယ် အပစ်တင်ခဲ့ဖူးတယ်။
ပြဿနာတစ်ခုခုကြုံလာတိုင်း
ဘယ်သူ့ပြေးအားကိုးရမှန်းမသိ
အကြိမ်ပေါင်းမနည်းဖြစ်ခဲ့ဖူးတယ်။
လုပ်နေတဲ့အလုပ်ကို ရပ်ပစ်ဖို့
အကြိမ်တစ်ရာမက စဉ်းစားခဲ့ဖူးတယ်။
ငါလုပ်နေတာ ဟုတ်မှဟုတ်ရဲ့လား၊
မှန်မှမှန်ရဲ့လား တွေဝေဒွိဟတွေ
အကြီးကြီးဖြစ်ခဲ့ဖူးတယ်။
ဝန်ထမ်းတွေ ကိုယ့်စကားနားမထောင်လို့
စိတ်ညစ်တဲ့ရက်တွေ အများကြီး
ရှိခဲ့ဖူးတယ်။
ဆိုင်က အခိုးခံရတဲ့ CCTV ကို
ပြန်ကြည့်ပြီး တော်တော်ဒေါသထွက်ခဲ့ဖူးတယ်။
အသည်းတွေ အကြီးအကျယ်ကွဲဖူးတယ်။
အရက်ကို ရေလိုသောက်ဖူးတယ်။
လောင်းကစားကို ရေရေလည်လည်စွဲဖူးတယ်။
ဘဝမှာ လမ်းတွေ အကြိမ်ကြိမ်ပျောက်ဖူးတယ်။
သေမလို ဆေးရုံနှစ်ခါတက်ဖူးသလို
ဆေးမှားသောက်လို့ မျက်စိခြောက်လလောက်
ကုခဲ့ဖူးတယ်။
နားသိပ်မကြားရလို့ မန္တလေးက ဆရာဝန်
ဦးကန်ညွန့်နဲ့ နှစ်နှစ်ကျော်ပြခဲ့ဖူးတယ်။
ငြိမ်းချမ်းခြင်းကိုလိုက်ရှာပြီး
စမ်းချောင်းက Church ကျောင်း library မှာ
ခြောက်လ လောက်နေဖူးတယ်။
ငွေအတိုးချေးပေးပြီး အလိမ်ခံရဖူးတယ်။
စပ်တူလုပ်ပြီး ခွါပြဲဖူးတယ်။
Social media ကို မသုံးတော့ဘူးဆိုပြီး
အကြိမ်ကြိမ်စဉ်းစားခဲ့ဖူးတယ်။
မဖတ်တတ်တဲ့ စကားလုံးတွေများတော့
dictionary နဲ့တစ်လုံးချင်းလိုက်ရှာ
စိတ်တွေ အကြိမ်ကြိမ်ညစ်ဖူးတယ်။
အတွေးအခေါ်မတူပဲ အမြဲစိတ်ညစ်ရလို့
အသက်ကြီးရင် အမေနဲ့အတူမနေဖူးလို့
ပြောပြီး အိမ်နဲ့ သုံးလလောက်
အဆက်အသွယ် မလုပ်နေခဲ့ဖူးတယ်။
အဒေါ်တွေအိမ်ကပ်နေဖူးတယ်။
အစ်ကို တစ်ဝမ်းကွဲတွေဝတ်ပြီးတဲ့
အဝတ်တွေ မဝတ်ဘူးဆိုလို့
စမာန်တက်တယ် ပြောခံခဲ့ဖူးတယ်။
စာမေးပွဲကို လေးဆယ့်ကိုးမှတ်နဲ့
test မှာ တစ်ခါကျဖူးတယ်။
ပုံအောပြီးမှာလိုက်တဲ့ ပစ္စည်း
အရင်းရှုံးတဲ့အတွက် ငါးပါးမှောက်ဖူးတယ်။
အလုပ်တွေလျှောက် အကြိမ်ကြိမ်
အငြင်းပယ်ခံဖူးတယ်။
တခြားသူတွေကိုအလုပ်အပ်
သိန်းရာနဲ့ချီ ရှုံးဖူးတယ်။
တခြားအများကြီး ကျန်သေးတယ်။
ဘဝမှာ failure list တွေအများကြီးပဲ။
ဒါတွေက တစ်ဆင့် ဘဝကို
ဘယ်လိုနေထိုင်ရမလဲဆိုတဲ့
principle တွေဖြစ်လာခဲ့တယ်။
မွေးကတည်းက သန်မာတာရှားတယ်။
ကိုယ့်ကို မသေစေတဲ့အရာက
သန်မာစေတဲ့အရာတွေဆိုတာ မှန်တယ်။
Phyo Paing @ Derek