Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မှားတာ ပြဿနာမဟုတ်ဘူး။

လူတိုင်းက စိတ်ဓာတ်တိုက်ပွဲ
နေ့စဉ် တိုက်နေရတယ်ဗျာ။
စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာ၊
တခါတလေ အဝေးတစ်နေရာကို
ထွက်ပြေးသွားချင်တာ၊
ကိုယ့် Facebook account ကို
Deactivate လုပ်ပြီးနေလိုက်ချင်တာ။

ဘဝမှာ အကြည်ဓာတ်ဆိုတာရဖို့ခက်တယ်။
အထူးသဖြင့် ကျွန်တော်တို့နေထိုင်တဲ့
ယဉ်ကျေးမှု Culture မှာပေါ့။
ဒီနိုင်ငံရေး၊ ဒီစီးပွါးရေး၊ ဒီလို
ခိုးဆိုးလုဝှက်တွေ များနေတဲ့နေရာမျိုးမှာပေါ့။
ဒါက ဘယ်လိုဖြစ်လာလဲဆိုတာ
အားလုံးသိပြီးသားပဲလေ။

တစ်ခုလုပ်လို့ရတာကတော့
Cultural escape လုပ်တာပဲ။
တခြားသူတွေရဲ့အထင်အမြင်တွေ
ကိုယ့်စိတ်ခံစားချက်ပေါ်လွမ်းမိုးမှုမရှိအောင်
အာရုံအရေးကြီးတယ်။

ဒီအာရုံက ကိုယ်ပျော်ပြီးငွေရတဲ့
အလုပ်မှာ ၁၀၀% ထားဖို့လိုတယ်။
ဒီအလုပ်မရှိသေးရင် လေ့လာရမှာ
ကိုယ့်တာဝန်ပဲ။

ပေါင်းသင်းတဲ့လူတွေ ဂရုစိုက်ဖို့လိုတယ်။

ကိုယ့်ရဲ့ အကောင်းဆုံးပုံစံနဲ့
မိနစ်တိုင်းနေသွားဖို့
ကိုယ်ထိန်းချုပ်မရတာတွေအစား
ထိန်းချုပ်နိုင်တာတွေကိုပဲ
အာရုံစိုက်လုပ်ဆောင်ဖို့။
ဘာပဲဖြစ်ဖြစ် ၁၀၀%
ကိုယ့်ကိုကိုယ်တာဝန်ယူဖို့။
အစွမ်းကုန် ရိုးသားဖို့၊
သစ္စာရှိ commitment ရှိဖို့။
ဒါတွေကတော့ ၂၀၂၂
Limitless Stoic Goal ပဲ။

လူတိုင်းက perfect မဖြစ်ဘူး။
Childhood Trauma တစ်ပုံကြီး
ပါခဲ့နိုင်တယ်။
Healing မလုပ်တတ်ရင်
တစ်ဘဝလုံး လူဖြစ်ရှုံးသွားနိုင်တယ်။

မှားတာ ပြဿနာမဟုတ်ဘူး။
စမ်းသပ်မှုတိုင်းမှာ အမှားရှိမှာပဲ။
အမှားက သင်ခန်းစာယူ
ကိုယ့်ကိုကိုယ် version upgrade လုပ်ဖို့က
ပန်းတိုင်ပဲ။

Phyo Paing @ Derek

Share Your Idea!​