ယောကျာ်းတစ်ယောက်အတွက်
အလုပ်က ဘဝပဲ။
လူမှုပတ်ဝန်းကျင်မှာ
အမျိုးသားနဲ့ အမျိုးသမီးတွေအပေါ်ထားတဲ့
မျှော်မှန်းချက်တွေ က မတူကြဘူး။
ကမ္ဘာပေါ်မှာ သတ်သေမှုအများဆုံးက
ယောကျာ်းတွေ။
အမျိုးသမီးတွေက အချင်းချင်း
ရင်ဖွင့်တာလုပ်တတ်ကြပေမယ့်
အမျိုးသားအများစုက အဲ့လို
သိပ်မလုပ်တတ်ကြဘူး။
အမျိုးသားတစ်ယောက် စိတ်ဓာတ်အကျဆုံးအချိန်က
အလုပ်ပြုတ်တဲ့အချိန်၊
မုဆိုးတွေလို သားလိုက်လာတော့
အလုပ်နဲ့ identity ငါဘယ်သူဆိုတဲ့အရာက
ဆက်စပ်သွားတယ်။
ကိုယ်လုပ်တဲ့အလုပ်ကိုမှ ဂုဏ်မယူတတ်ရင်၊
မကျွမ်းကျင်ရင် ဘဝမှာပျော်ဖို့
တော်တော်မလွယ်ကူဘူး။
တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့
အရာတစ်ခုတော့ ရှိဖို့လိုတယ်။
အသက်အရွယ်တစ်ခုရောက်ရင်
လူရိုသေရှင်ရိုသေ နေရာလေးတစ်ခုတော့
ရှိနေဖို့က လောလောပြီးကနေတဲ့
လောကထဲမှာ ရှင်သန်နေသမျှ
လိုနေနိုင်သေးတယ်။
အားတီတို့အတွက် ရေးသာရေးရတာ
ထက်မြတ်တဲ့အားမေတွေဆဲမှာလည်း
ကြောက်ရသေးတယ်။
Phyo Paing @ Derek