အမျိုးသမီးတွေအတွက်
အရေးအကြီးဆုံးက အချစ်မေတ္တာ။
ယောကျာ်းတွေရဲ့ တာဝန်က
သူတို့ဘဝရဲ့ သမိုင်းပေးတာဝန်နဲ့
အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့။
အမျိုးသမီးတွေအတွက်က
ချစ်ခင်ပျော်ရွင်စရာကောင်းတဲ့
အချစ်ရေး၊ အိမ်ထောင်ရေးနဲ့
သားသမီးတွေနဲ့ နေဖို့။
အမျိုးသားတစ်ယောက်က
ဖိုဓာတ်နည်းလာတဲ့အခါ
အိမ်ထောင်ရေးပြဿနာဖြစ်သလို၊
အမျိုးသမီးက အလုပ်အကိုင်ကို
အချစ်ရေးထက် ဦးစားပေးတဲ့အခါ
ပြဿနာဖြစ်တတ်တာ မျက်မြင်ကိုယ်တွေ့
ဖြစ်သလို
ပျော့ပြောင်းတဲ့ အမျိုးသားနဲ့
သန်မာတဲ့ အမျိုးသမီးကလဲ
သဟဇာတဖြစ်နေတာမျိုးလဲတွေ့ဖူးလိမ့်မယ်။
ဒါကတော့ ကမ္ဘာကျော် စာအုပ်ဖြစ်တဲ့
David Deida ရဲ့
The way of superior man ထဲက။
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတည်းက
ဒီစာအုပ်ကို ကြားဖူးတယ်။
ဒီနေ့မှ အကုန်ဖတ်ဖြစ်တယ်။
ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ
တစ်လင်တစ်မယားစနစ်နဲ့ သွားနေကြပေမယ့်
ယောကျာ်းအများစုဟာ သူ့ရဲ့
masculine energy ကို လွတ်လပ်မှုပေးဖို့
အိမ်ထောင်ပြင်ပမှာ လွတ်လပ်ပျော်ပါးတာ
အနည်းနဲ့ အများရှိကြတယ်။
နည်းပညာတွေ တိုးတက်လာတဲ့အတွက်
အမျိုးသမီးအချို့က GPS တွေနဲ့
အမျိုးသားဖုန်းတွေထဲထည့်
track တာမျိုးလုပ်ကြတယ်။
ပျော်ပါးတယ်လို့ ပြောတဲ့နေရာမှာ
feminine ဓာတ်တွေဖြစ်တဲ့
အရက်၊ ဘီယာ၊ မိန်းမ၊ ဂိမ်း
ဒါတွေ ပါဝင်တယ်လို့ author ကဆိုတယ်။
နောက်ပြီး လွတ်လပ်မှုဆိုတာကို
ဇီဝကမ္မဖြစ်စဥ်အရ ejaculation ကလာတယ်။
ဒီ masculine ဓာတ်ကို တလွဲသုံးတာ
ကိုယ့်အမျိုးသမီး၊ သမီးရည်းစားရဲ့
feminine ဓာတ်ကို အသုံးပြုတာလွဲရင်
ဘဝပျက််မတတ်ဖြစ်နိုင်ပြီး၊
အသုံးပြုတတ်ရင် ကိုယ်ဖြစ်ချင်တာ
အမြန်ဆုံး အကောင်းအထည်ဖော်ဖို့
အသုံးပြုနိုင်တယ်။
ယောကျာ်းတွေအတွက် အရေးအကြီးဆုံးသည်
မိန်းမ မဖြစ်ရဘူး။
မဖက်လိုက်၊ မိုက်ဖက်ပါတာကို ကြားဖူးလိမ့်မယ်။
ယောကျာ်းတွေအတွက် အရေးအကြီးဆုံးသည်
“purpose နဲ့ mission” ဖြစ်ဖို့လိုတယ်။
အမျိုးသမီးတွေအနေနဲ့လည်း
အမျိုးသားတစ်ယောက်သည်
သူမှသူဖြစ်တယ်ဆိုတာထက်
purpose နဲ့ mission အတွက်
အရာရာကို စတေးတာ ပိုတုန်လှုပ်တယ်လို့
author က ဆိုတယ်။
အမျိုးသမီးတွေက ယောကျော်တစ်ယောက်မှာ
strong and grounded ဖြစ်တာကို လိုချင်တယ်။
သူသတ်မှတ်ထားတဲ့ principle အတိုင်း
နေမနေ ကို အမြဲ test လုပ်တယ်။
အမျိုးသမီးတွေရဲ့
feminine ဓာတ်ဟာ တသင်္ဂပေါ်မှာ
မူတည်ပြီးဖြစ်သလို
အပြောင်းအလဲ မြန်တဲ့အတွက်
ယောကျာ်းတွေရဲ့ masculine energy က
မလိုက်နိုင်ဘူးတဲ့။
နောက်ဘဝမှာ အမြဲပြီးသွားတဲ့
အရာဆိုတာ ရှိမှာမဟုတ်ဘူး။
on-going process ပဲ။
ဒါကို superior man တွေသိဖို့လိုတယ်။
နောက် ကိုယ့်ရဲ့ sexual energy ကို
မလဟသ မသုံးဖြစ်ပဲ ဒီ creative force ကို
ကောင်းတဲ့နေရာမှာ သုံးဖို့ channel လုပ်ဖို့လိုတယ်။
ဒီနေရာမှာ ejaculation ဖြစ်စဥ်မှာ
upright spine နဲ့ the whole body ကို
energy ပြန့်စေပြီးသွားတာနဲ့
ဥပမာပေးထားတယ်။
ဒါက Think and Grow Rich မှာလဲ
Napolean Hills က
Transmutation of sexual energy ဆိုပြီး
ပြောဖူးတယ်။
တခါတလေ အမျိုးသမီးတစ်ယောက်ကြောင့်
inspired ဖြစ်တဲ့အချိန်တွေ
တုံးတိုက်တိုက်ကျားကိုက်ကိုက်
လုပ်တဲ့အချိန်တွေ ရှိတတ်တယ်။
ယောကျာ်းတွေရဲ့ feminine energy ကို
မပြုစုမပျိုးထောင်တတ်တဲ့အတွက်
ဒီ energy က ခဏပဲခံတယ်။
အများစုက ဒီ energy ကို
အတွေးနဲ့ ejaculation မှာ ဖြုန်းတီး
လိုက်တတ်ကြတယ်။
နောက်ကျတော့ အရက်နဲ့
မူးယစ်စေတဲ့ အရာတွေက
inspiration ပြန်လိုက်ရှာတတ်တယ်။
ဒါကြောင့် superior man တစ်ယောက်က
ကိုယ့်ကိုကိုယ် နားလည်ဖို့လိုအပ်တယ်။
လောကမှာ မိန်းမတွေ မကောင်းဘူး၊
ကောင်းတဲ့ မိန်းမဆိုတာ ရှိမှာမဟုတ်ပါဘူး
ဒီလို အတွေးအခေါ်က
ငယ်ငယ်က မိခင်နဲ့ ဆက်ဆံရေးကနေ
ဖြစ်တည်လာတာကို author က
ထောက်ပြတယ်။
ချစ်ကြိုက်မှုအစမှာ feminine energy
အပြည့်ကိုခံစားရပြီး
ဒီ mystery က အချိန်ကြာလာတာနဲ့အမျှ
အိမ်မှုကိစ္စ၊ ဝေယျာဝိစ္စတွေကြားမှာ
routine ဖြစ်သွားတတ်တယ်။
ဒါကို နားမလည်တဲ့အခါ
အမျိုးသားအများစုက ဒီ energy ကို
တခြားနေရာက ရှာတတ်တယ်။
ဒါက မိန်းမကို မချစ်တော့မလို့မဟုတ်ဘူး။
intimate မဖြစ်တော့လို့မဟုတ်ဘူး။
ယောကျာ်းတစ်ယောက်ရဲ့ inspiration
ဖြစ်စေတဲ့ mystery ဖြစ်တဲ့
feminine energy ကို ပြန်ရှာတဲ့သဘောလို့
author က ဆိုတယ်။
ဒါကြောင့် domestic routine တွေထဲကနေ
ထွက်ဖို့ လိုတယ်လို့ဆိုတယ်။
Author က Spirituality နဲ့ Sexuality
အကြောင်းရေးလို့ self-help တစ်ခုတည်း
သွားတယ် မထင်နဲ့။
AI အကြောင်တွေလဲ လေ့လာသလို
PhD doctor တစ်ယောက်လဲဖြစ်တယ်။
ဒီစာအုပ်က spirituality စာအုပ်တွေလို
ဖြစ်ပြီး အမျိုးသမီးတွေနဲ့
အမျိုးသား energy တွေ ချိန်ငြိဖို့
နားလည်အောင်ဖော်ပြထားတဲ့
စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။
လူတွေက လွယ်မလိုနဲ့ရှုပ်တယ်။
နိုင်ငံတကာမှာ
Statistics တွေကြည့်လိုက်ရင်
အိမ်ထောင်ပြင်ပ ရှုပ်ထွေးမှုတွေက
ကြောက်ခမန်းလိလိပဲ။
ဒါတွေက digital communication
အရမ်းထွန်းကားလာပြီး
social interaction များလာတာရယ်၊
လူတွေက ကိုယ့်ကိုကိုယ်
နားမလည်တဲ့အခါ လိုအပ်ချက်ကို
အလွယ်တကူဖြည့်ဆည်းလိုက်တာရယ်ကြောင့်
ပြဿနာတွေ ပိုများလာတယ်။
အချုပ်ကတော့ superior man တစ်ယောက်
က mission နဲ့ purpose ကို
ရှေ့တမ်းတင်ရမယ်။
အမျိုးသမီးငယ်တွေမှာရှိတဲ့
လတ်ဆတ်တဲ့ energy နဲ့
အမျိုးသမီးကြီးတွေမှာရှိတဲ့
healing energy တွေအပြင်
အလုပ်လုပ်တဲ့အခါ ဒီဓာတ်သဘောတွေကို
leverage လုပ်ဖို့၊
အမျိုးသမီးကို ချီးမွန်းဖို့
tactics အစုံရေးထားတယ်။
နောက်ဆုံးတစ်ခုကတော့
Peace, for men, is emptying themselves, hence masturbation, video games, or sports.
Peace, for women, is filling themselves up with love. When they fail (aka lack boyfriends), they use substitutes like conversation, food, or shopping.
ယောကျာ်းတွေအတွက် creative force က
sexual energy က လာသလို၊
sexual deprivation ကြောင့်
အစွမ်းအစတွေ ငုတ်လျိုးနေနိုင်တယ်။
နောက်ပြီး masculine force ကို
အကောင်းဆုံးအသုံးပြုဖို့ဆို
ခုနောက်ပိုင်း social media မှာပါ
porn မကြည့်တာ၊ masturbation မလုပ်ပဲ
ဒီ energy ကို creative force အတွက်
သုံးတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာကြပြီ။
ဖိုဓာတ်က စိန်ခေါ်မှုတွေကြားမှာ
ကြီးထွားပြီး၊
မဓာတ်က ချီးမွန်းမှုတွေကြောင့်
ကြီးထွားတယ်။
Superior Man တစ်ယောက်ဖြစ်ဖို့
ကိုယ့်ရဲ့ သမိုင်းပေးတာဝန်နဲ့
အိမ်မက်ကို ရှေ့တန်းတင်ရမယ်။
တခြား တဒင်္ဂ တပ်မက််မှုတွေကြားမှာ
ပျော်မွေ့နေလို့မရဘူး။
Phyo Paing @ Derek