ပြိုင်ဘက်
နှိုင်းယှဉ်မှုနဲ့ မကင်းတဲ့ လူတွေရဲ့ သဘာဝအရ ကျွန်တော်တို့မှာ သိလိုက်သည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ရုံးမှာ အလုပ်မှာ ပြိုင်ဘက်တွေရှိကြပါတယ်။ ဒါတွေဟာ အတ္တကထွက်ပေါ်လာတာဖြစ်တယ်။
သူငယ်ချင်းတစ်ယောက်
ကျွန်တော်မှာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်။ ဆယ်တန်းမှာ အတော်ဆုံးသူတွေနဲ့ပြိုင်တယ်။ နောက်ပိုင်းမှာ သူအရမ်းတော်တဲ့အတွက် complacent ဖြစ်လာတယ်။ နောက်ပိုင်း တဖြည်းဖြည်း direction ပျောက်လာတယ်။
ခြေရာတိုင်း
ကျွန်တော်တို့ တခြားသူတွေနဲ့ မတိုင်းသည်ဖြစ်စေ ကျွန်တော်တို့ကို ခြေရာတိုင်းတဲ့သူတွေရှိတယ်။ တခါတလေ ကိုယ်ဘာကောင်လေးလည်းဆိုတာ အဆွယ်လေးပြချင်တယ်။ တခါတလေ စင်အောက်ကနေရတဲ့အချိန် ပတ်ဝန်းကျင်ကို ခြုံငုံပြီး အပြစ်မြင်လာတတ်တယ်။
ရုပ်ရှင်ထဲကလို
ကြိုးစားပြီး ပြိုင်ဘက်ကို အနိုင်နဲ့ပိုင်းတာ ရုပ်ရှင်တွေထဲမှာဘဲရှိတယ်။ အရင်က benchmark တွေထားပြီး Competition အမြဲလုပ်တယ်။ ဒုတိယနှစ်ဆေးကျောင်းမှာ အတန်းထဲကသူတစ်ယောက်ကို ပြိုင်ဘက်တစ်ယောက်အဖြစ်ထားပြီး Semester တစ်ခု အကြိတ်အနယ်ကြိုးစားဖူးတယ်။ ဘာသာရပ်သုံးခုလုံးမှာ 70 ကျော်နဲ့ သူ့ထက်သာတဲ့ အခါ ငါကြိုးစားရင်ဖြစ်တယ်ဘဲဆိုတဲ့အတွေးနဲ့ နောက်ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။
ပူလောင်တယ်
အောင်မြင်တဲ့ သူတွေကို case study လုပ်ကြည့်တယ်။ ဒီလူတွေဟာ ယှဉ်ပြိုင်တယ်ဆိုတာထက် သူတို့ Vision နဲ့ Mission ရောက်အောင် State Of Mind က Passion and Determination နဲ့သွားကြတယ်။ တစ်နည်းအားဖြင့် Burning Desire or Hunger ပေါ့။ လောဘ၊ ဒေါသ Anger, Greed တစ်နည်းအားဖြင့် မနာလိုဝန်တိုစိတ် negative emotion နဲ့မပြိုင်ဘူး။ ပြိုင်ရင်လည်း အစွမ်းအစမထွက်ဘူး။
Block or Forgive
ကိုယ်ကြည့်မရတဲ့ သူ။ သို့ ကိုယ့်ကို စိတ်ဒုက္ခပေးတတ်တဲ့သူရှိရင် နည်းလမ်းနှစ်ခုရှိပါတယ်။ 1. ခွင့်လွတ်ပေးလိုက်ပါ။ 2. ဒါမှမဟုတ် Block လုပ်ထားလိုက်ပါ။ မကောင်းတတ်ရင်တော့ unfollow လုပ်ထားလိုက်ပါ။
Mission or Vision
ကိုယ့်ကိုရင်ခုန်စေတဲ့ အနာဂတ် Vision နဲ့ ကိုယ် dedicated ဖြစ်တဲ့ Why တစ်နည်းအားဖြင့် Mission ကို Focus လုပ်ပါ။
ဇေဝဇဝါ
တကယ်လို့ ငါးနှစ်စာ သို့ ဘဝအတွက် Vision မရှိ၊ Mission မရှိသေးရင်လည်း စိတ်မညစ်ပါနဲ့။ ပထမဆုံး ၃ လစာ ရည်မှန်းချက်ပန်းတိုင်အရင်ချပါ။ ပြီးမှ ခြောက်လ၊ တစ်နှစ် တဖြည်းဖြည်းမြင်လာပါလိမ့်မယ်။
အချုပ်
ခွင့်လွတ်ပါ။ လျစ်လျူရှုမှု အနုပညာတတ်အောင်သင်ပါ။ ပြိုင်ဆိုင်မှုအစား ပေးဆပ်မှု (Mission) ကိုစတင်စဉ်းစားပါ။ ဒီပေးဆပ်မှု မစဉ်းစားနိုင်သေးရင် သုံးလ ရည်မှန်းချက် ပန်းတိုင်နဲ့ Plan အရင်ရေးပါ။
လူတိုင်း စေတနာဆိုတာ ခံစားလို့ရပါတယ်။
Phyo Paing @ Derek