ရူးသွပ်မှု နဲ့ စတင်တယ်။
လူကြီးဆိုတာ ကလေးအကြီးစားပါ။
ကျွန်တော်တို့မှာ အတွေးတွေ၊
အကြံဥာဏ်တွေရှိမယ်။
ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ပြန်တွေ့တော့
လွန်ခဲ့တဲ့ ၁၂ ကျော်ကတည်းက
ဖြစ်ချင်တယ်ပြောခဲ့တာတွေကို
ဆက်လုပ်နေတော့
တော်တော်ဇွဲကောင်းတာပဲနော်တဲ့။
အမှန်တော့ ကိုယ်ကလူ့ဂွစာလို့ပြောရမယ်။
အပြင်မှာ လူတွေမသိကြဘူး။
တစ်ခုခုဆို မတူတဲ့နည်းလမ်း၊
ပိုကောင်းတဲ့ နည်းလမ်းနဲ့လုပ်ချင်တယ်။
၇ တန်းမှာ သမိုင်းကို
လူတွေမရတဲ့စာကို ဒုက္ခခံပြီး အော်ကျက်နေတဲ့အချိန်မှာ
ပုံလေးတွေဆွဲပြပြီး timeline တစ်ခုနဲ့ ပြဖူးတယ်။
အဲ့တုန်းကတော့ မှတ်ဥာဏ်ကို hack လုပ်လို့ရတဲ့
နည်းတွေ မသိသေးတဲ့ ကလေးအရွယ်။
New idea နဲ့ innovation ကို ကြိုက်တာနဲ့
စာမှတ်မိအောင် flashcard, mindmap,
loci method, speed-reading
အစရှိတဲ့ ဖြတ်လမ်းတွေသုံးခဲ့သလို
အောင်လဲအောင်မြင်ခဲ့တယ်။
ကြိုးစားရင်အောင်မြင်မယ်ဆိိုတာ မယုံဘူး။
ကြိုးစားမှုဆိုတာ အခြေခံလိုအပ်ချက်ဖြစ်တယ်။
နယ်ပယ်တစ်ခုမှာ အောင်မြင်ဖို့က နည်းစနစ်လိုတယ်။
လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက
ဒီလို tools တွေစုထားတဲ့ စနစ်တစ်ခုရချင်ခဲ့တာ။
နည်းပညာလိုအပ်ချက်တွေကြောင့်
ကျွန်တော့် team နဲ့ အကောင်အထည်မဖော်နိုင်ခဲ့ဘူး။
ကြားထဲမှာ clients တွေအတွက်
ပြဿနာပေါင်းများစွာ ကူညီဖြေရှင်းပေးရင်း
နည်းစနစ်အသစ်တွေကို တွေ့ရှိခဲ့တယ်။
Entrepreneurs/ Business Coaching/Consultant
ပြုလုပ်မည့်သူတွေအတွက် မသုံးမဖြစ်
framework တွေစုစည်းထားပေးတဲ့အပြင်
template တွေ၊ assessment တွေနဲ့ file storage ပါ
စီစဥ်ပေးထားပါတယ်။
Akyanpay.com ကိုအသုံးပြုနိုင်တဲ့သူ
တော်တော်လေးနည်းမယ်ဆိုတာ သိပါတယ်။
Yearly subscriber 1000 အထိပဲ မှန်းထားတယ်။
အဓိက ကိုယ်နဲ့ ကိုယ့် team အသုံးပြုပြီး
Client တွေအတွက် အဆင်ပြေအောင်
ဖန်တီးဖြစ်ထားတာဖြစ်တယ်။
ကျွန်တော်ယုံကြည်တာကတော့
Business ဆိုတာ spiritual pursuit တစ်ခုပါ။
ဒါကြောင့် Build the business you love ပါ။
#Akyanpay